Main menu

Background

ဧပြီလအတွင်း ဓာတ်မြေဩဇာ နှင့် ဘိလပ်မြေတင်သွင်းမှုအခြေအနေ

Tue, 05/23/2023 - 11:49 -- journal_editor

ဓာတ်မြေသြဇာ
ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ  အမေရိ ကန်ဒေါ်လာ  ၂၅ ဒသမ ဝ၃၁  သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၅၅၀ဝ၀ ကျော် တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် အိုမန်နိုင်ငံမှ တန်ချိန် ၂၂၀ဝ၀ ခန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၇၀ဝ၀ ကျော်၊  မလေးရှားနိုင်ငံမှ တန်ချိန် ၆၂၀ဝ ကျော်၊ ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၆၀ဝ၀ခန့်၊  လာအိုနိုင်ငံမှ တန်ချိန် ၁၂၀ဝ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၁၀ဝ၀ခန့်၊ ဖင်လန်နိုင်ငံမှ တန်ချိန် ၂၀ဝ ခန့်၊ အိန္ဒိယနိုင်ငံမှ တန်ချိန် ၂၀ကျော်၊ တောင် ကိုရီးယားနိုင်ငံမှ တန်ချိန် ၆၀ဝ ကျော်၊ ပိုလန်နိုင်ငံမှ တန်ချိန် ၄၅၀ ကျော်၊ ဥဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၆၀ဝခန့် တင် သွင်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ
နယ်စပ်ကုန်သွယ်မှုမှ ဧပြီ ၁ ရက်မှ ၃၀ ရက်ထိကာလ အတွင်း အမေရိကန်ဒေါ်လာ ၂ဒသမ ၇၄၂ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၉၀ဝ၀ခန့်  တင်သွင်းခဲ့သည်။ တင် သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၈၉၀ဝ ခန့်၊  အိန္ဒိယနိုင်ငံမှ တန်ချိန် ၁၀ဝ ခန့် တင်သွင်းခဲ့သည်။ 
ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ  ကာလအတွင်း ပင်လယ်ရေ ကြောင်း  ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည  ဒသမ ၄၃၀  သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၄၀ဝ၀ ခန့် တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၂၆၀ဝ ကျော်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တန်ချိန် ၁၁၅၀ ခန့်၊  မလေးရှားနိုင်ငံမှ တန်ချိန် ၁၅၀ ကျော်၊ တင်သွင်းခဲ့ကြောင်း သိရသည်။ ယခုလ၌ နယ်စပ်ကုန်သွယ်မှုမှ ဧပြီ  ၁ ရက်မှ ၃၀ ရက်ထိ  ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄၉ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၈၀ဝ၀ ကျော်   ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။ 

အိမ့် (DOT)