မေလအတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ
မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၃၉၈ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၁၀ဝ၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၅၀ဝ၀ဝကျော်၊ အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၂၅၀ဝ၀ခန့်၊ အိုမန်နိုင်ငံမှ တန်ချိန် ၁၅၀ဝ၀ကျော်၊ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံမှ တန်ချိန် ၅၈၀ဝကျော်၊ ကနေဒါနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ပီရူးနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၁၀ဝ၀ခန့်၊ ဂျပန်နိုင်ငံမှ တန်ချိန် ၇၀ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၆၃၀ဝ ကျော်၊ ထိုင်ဝမ်နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၄၀ဝ၀ ခန့်၊ အာရပ် စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၁၅၀ဝ ခန့်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၅၅၀ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၂၀ဝ၀ကျော် တင်သွင်းခဲ့ကြောင်းသိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာ တန်ချိန် ၅၃၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ် ကုန်သွယ်မှုမှ မေ ၁ ရက်မှ ၃၁ ရက်ထိကာလ အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၁ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၃၀ဝ၀ဝ ခန့် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၂၉၀ဝ၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၇၀ဝ ကျော် တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၂၀ဝ၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၈၉ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၃၄၀ဝ ကျော်တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန်ချိန် ၆၀ဝ ကျော် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၂၆၀ဝ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတန်ချိန် ၅၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
မေ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း နယ်စပ်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၈၀ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၂၆၀ဝ၀ ကျော်ကို ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေ တန်ချိန် ၇၈၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
အိမ့် (DOT)
