ဇွန်လအတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ
ဇွန် ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ဝ၃၄ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၁၀ဝ၀ဝ၀ ကျော် တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၄၄၀ဝ၀ ခန့်၊ အိုမန်နိုင်ငံမှ တန်ချိန် ၃၇၀ဝ၀ ကျော်၊ ထိုင်းနိုင်ငံမှတန်ချိန် ၇၀ဝ၀ကျော်၊ အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၆၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၃၆၀ဝ ကျော်၊ ရုရှားနိုင်ငံမှတန်ချိန် ၂၅၀ဝကျော်၊ တောင်ကိုရီးယား နိုင်ငံမှ တန်ချိန် ၂၅၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ လာအိုနိုင်ငံမှ တန်ချိန် ၁၀ဝ၀ကျော်၊ အာရပ် စော်ဘွားများပြည်ထောင်စုမှ တန်ချိန် ၁၀ဝ၀ခန့်၊ နော်ဝေနိုင်ငံ မှ တန်ချိန် ၅၀ဝ ခန့်နှင့် ဂျော်ဒန်နိုင်ငံမှ တန်ချိန် ၃၀ဝ ခန့် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်း ယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာ တန်ချိန် ၁၀ဝ၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှုမှ ဇွန် ၁ ရက်မှ ၃၀ ရက်ထိ ကာလ အတွင်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ဝ၀၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၃၈၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန် ချိန် ၃၆၀ဝ၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၂၀ဝ၀ ကျော် တင် သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၉၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဇွန် ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၁ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၃၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံမှတန်ချိန် ၂၅၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၂၅၀ ကျော် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၂၅၀ တင်သွင်းခဲ့ကြောင်း သိရသည်။ ဇွန်လအတွင်း ထိုင်းနိုင်ငံမှ ဘိလပ်မြေအများဆုံးတင် သွင်းကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတန်ချိန် ၄၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်မှ ဇွန် ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၂၄ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၂၀ဝ၀ဝ ကျော်တင်သွင်းခဲ့သည်။ ထိုင်းနိုင်ငံမှတန်ချိန် ၁၉၀ဝ၀ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တန်ချိန် ၁၀ဝ၀ ခန့် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်း ယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၆၀ဝ၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
အိမ့် (DOT)
