မော်လမြိုင်မြို့၌ သြဂုတ်လ စတုထ္ထပတ်တွင် ဘိလပ်မြေ ဈေးကွက် မှာ အရောင်းဝယ်အေးနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသော ဈေးမှာ ယခုတစ်ပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၀၄၀ဝ၊ ဆင်(ထိုင်း)ကျပ် ၁၀၅၀ဝ၊ ကြံ့တံဆိပ် (အပြာ) ကျပ် ၁၀၃၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေ ကာ ဈေးနှုန်းအနည်းငယ် တက်လာကြောင်း သိရှိရသည်။
ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသော ဈေးမှာ ယခင်တစ်ပတ် တွင် ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်)15;15;15 50kg ပါ တစ် အိတ်မှာ ကျပ် ၁၄၀ဝ၀ဝ၊ ကွန်ပေါင်း20;12;12 50kg ပါ တစ်အိတ်မှာ ကျပ် ၁၃၉၀ဝ၀၊ ကွန်ပေါင်း Thai Grow How) 15;15;15 50kg ပါ တစ် အိတ်မှာ ကျပ် ၁၅၀ဝ၀ဝ၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE)50kg ပါ တစ်အိတ်မှာ ကျပ် ၈၂၀ဝ၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါ တစ်အိတ်မှာ ကျပ် ၉၀ဝ၀ဝ၊ ပိုတက်(အာမို) 50kg ပါ တစ်အိတ်မှာ ကျပ် ၁၂၀ဝ၀ဝ၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc ပါ ၁ ပုလင်းမှာ ကျပ် ၃၁၀ဝ၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ ၁ ပုလင်းမှာ ကျပ် ၁၃၈၀ဝ ရှိခဲ့ပြီး ယခုတစ် ပတ်တွင် ကွန်ပေါင်း(မြန်မာ့သြဘာ ရွှေကောမက်)15;15;15 50kg ပါ တစ်အိတ်မှာ ကျပ် ၁၆၀ဝ၀ဝ၊ ကွန်ပေါင်း 20;12;12 50kg ပါ တစ်အိတ်မှာ ကျပ် ၁၃၉၀ဝ၀၊ ကွန်ပေါင်း Thai Grow How) 15;15;15 50kg ပါ တစ် အိတ်မှာ ကျပ် ၁၇၀ဝ၀ဝ၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kg ပါ တစ်အိတ်မှာ ကျပ် ၈၈၀ဝ၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ)50kg ပါ တစ်အိတ်မှာ ကျပ် ၉၄၀ဝ၀၊ ပိုတက် (အာမို) 50kg ပါ တစ်အိတ်မှာ ကျပ် ၁၂၀ဝ၀ဝ၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc ပါ တစ်ပုလင်းမှာ ကျပ် ၃၁၀ဝ၊ မာလာမြိုင်ဆိုက် ပါ ၁၀% (သီးရွက်စုံ) 500cc ပါ တစ်ပုလင်းမှာ ကျပ် ၁၃၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေသော်လည်း ပစ္စည်းအချို့မှာ ပြတ်လပ်နေကြောင်း သိရှိရသည်။
မွန်ပြည်နယ်တွင် ဇွန်လဆန်းမှစ၍ မိုးများစတင်ရွာသွန်းနေပြီဖြစ် သောကြောင့် ရော်ဘာစေးခြစ်ခြင်းကို ရပ်နားထားကြသည်။ မွန်ပြည်နယ် အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ် ပုံမှန်ရှိနေသော်လည်း သြဂုတ်လဆန်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်း ခြင်း၊ မြို့နယ်အချို့တွင် ရေကြီးနေခြင်းကြောင့် အဝယ်ဒိုင်များအနေဖြင့် ဈေးနှုန်းအတည်တကျ ဖွင့်နိုင်ခြင်းမရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြင့် ရောင်းဝယ်နေကြောင်း သိရှိရသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင်RSS-3 ကျပ် ၁၀၈၀၊RSS- 5 တစ်ပေါင်လျှင် ကျပ် ၁၁၀ဝ ရှိခဲ့ပြီး ယခု သြဂုတ်၂၄ ရက်မှ ၂၈ ရက်ထိ ရော်ဘာဈေးနှုန်းမှာ RSS-3 ကျပ် ၁၇၀ဝ၊RSS-5 ကျပ် ၁၆၅၀ ရှိနေကြောင်း သိရသည်။
မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ 50 Kg ပါ တစ်ထုပ်လျှင် ၁၇၅၀ ကျပ်၊ ရော်ဘာ တစ်တန်လျှင် ၃၅၀ဝ၀ ကျပ်ဖြင့်လည်း ကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့(50 kg) ပါ တစ်ထုပ်လျှင် ကျပ် ၂၇၅၀၊ ရော်ဘာတစ်တန်လျှင် ကျပ် ၅၅၀ဝ၀ ဖြင့် သယ်ယူပို့ဆောင်ပေး ရကြောင်း ရော်ဘာကုန်သည်များထံမှ သိရှိရသည်။
အောင်မြင့်မြတ် (ပြည်တွင်း/မွန်)