ယူရီးယား မြေသြဇာဝယ်ယူဖြန့် ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ၏ကြီးကြပ်မှုဖြင့် တောင်သူများ အဓိက သုံးစွဲနေသည့် မြေသြဇာများကို ရန်ကုန် အထိုင် လက်ကားဈေးနှုန်းအဖြစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ရောင်းချရမည့် ဈေးနှုန်းများကို အသင်းဝင်းကုမ္ပဏီများ သို့ ညွှန်ကြားထားကြောင်း ဧပြီ ၁ ရက် တွင် အသိပေးထုတ်ပြန်ထားသည်။
ယူရီးယားမြေသြဇာ အလုံးကြီး ၅၀ ကီလို တစ်အိတ်လျှင် ကျပ်၉၄၀ဝ၀၊DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၁၅၀ဝ၀ ဈေးနှုန်းအဖြစ် သတ် မှတ်ထားကြောင်း အသိပေးထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
Complex 15 ပတ်လည် မြေသြဇာ ကိုမူရည်ညွှန်းဈေးနှုန်းသတ်မှတ်ထား ခြင်းမရှိကြောင်းနှင့် အဆိုပါ ဈေးနှုန်း များသည် ရန်ကုန်အထိုင် လက်ကား ဈေးနှုန်း လက်ငင်းငွေချေစနစ်ဈေးများ ဖြစ်ကြောင်းလည်း သိရသည်။
ဒေသအလိုက် သယ်ယူပို့ဆောင် စရိတ်များအပေါ်တွင် မူတည်၍ ဈေး နှုန်းကွာခြားနိုင်ကြောင်းနှင့် ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းခြခြင်းမရှိပါက ယူရီးယား မြေသြဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ဦးဆောင်ကော်မတီနှင့် မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက် ပျိုးရေးဆေးလုပ်ငန်းမရှင်များ အသင်း သို့ ဆက်သွယ်အသိပေးနိုင်ကြောင်း သိရသည်။
ကိုတိုး
