Main menu

Background

နနွင်း

Wed, 02/24/2010 - 05:47 -- Anonymous (not verified)

မြဝတီက ထိုင်းကိုပို့တဲ့ကျောက်ဆည်နနွင်းက FOB မှာ ဈေးပိုရ     နယ်စပ်တင်ပို့မှုအနေနဲ့ ယခင်တစ်ပတ်က တင်ပို့မှုမရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ထိုင်းနိုင်ငံကို နနွင်းတက် ၂၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၀ ဒသမ ၀၁၆ သန်းကို တင်ပု့ိခဲ့ပါတယ်။ FOB ဈေးနှုန်းတွေက တော့ နနွင်းတက် ရှမ်းစတစ်တန်ကို ကန်ဒေါ်လာ ၈၀၀-၈၅၀၊ကျောက်ဆည်စမှာ ကန်ဒေါ်လာ ၉၀၀-၉၅၀ရှိပြီး၊ နနွင်းခေါင်းမှာ ကန် ဒေါ်လာ ၆၀၀-၆၅၀ ရှိပါတယ်။ ရန်ကုန်ဈေးကွက်ကို နနွင်းအဝင်နည်း     ပြည်ပတင်ပို့ဝယ်လက်တွေက နနွင်းထွက်တဲ့ဒေသတွေကို တိုက်ရိုက်ဆင်းဝယ်လို့ ဒီတစ်ပတ် ရန်ကုန်-ဘုရင့်နောင်နဲ့ ကုန်ဈေး တန်းဈေးကွက်တွေကို နနွင်း အဝင်နည်းတယ်လို့သိရပါတယ်။ ဈေးနှုန်းအနေနဲ့ တစ်ပိဿာ ၁၈၀၀ ကျပ်၊ ၂၀၀၀ ကျပ်ရှိလို့ ယခင်တစ်ပတ် ၁၈၀၀ ကျပ်ထက်တော့ အနည်းငယ်ပိုတာကို တွေ့ရပါ တယ်။ ရန်ကုန်ဝယ်လက်     ရှမ်းနနွင်းကလည်း ဒီနှစ်မှာ ဈေးကောင်းရနေပါတယ်။ တောင်ကြီးဈေးကွက်ထဲကို ဟိုပုန်း၊ ရပ်စောက်၊ကျေးသီးမြို့နယ်တွေ အပြင် ဆီဆိုင်ကျောက်တစ်လုံး၊ အင်းလေးစတဲ့မြို့နယ်တွေကပါ ဝင်လာပြီဖြစ်လို့ အဝင်လှိုင်လာပြီလို့ ဆိုရပါမယ်။ ပြီးခဲ့တဲ့အပတ် က နနွင်းတက်ဈေးက တစ်ပိဿာ ၁၄၀၀ ကျပ်၊ ၁၄၃၀ ကျပ်ဈေး ရှိပါတယ်။ မန္တလေး၊ မူဆယ်ဝယ်လက်နဲ့ ရန်ကုန်ပြည်ပ တင်ပို့မှု အတွက် နနွင်းဈေးက ဒီတစ်ပတ်မှာ ထပ်တက်လာပါတယ်။ ပင်လောင်းဘက်ကထွက်တဲ့ နနွင်းကတော့ အောင်ပန်းဈေးကွက်ကို ဝင်လာပါတယ်။ အောင်ပန်း ဈေးကွက်မှာတော့ ၁၃၀၀ ကျပ်၊ ၁၃၅၀ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် နနွင်းခြောက် ဈေးက ၁၅၅၀ကျပ်၊ ၁၆၀၀ကျပ်ဈေးရှိတယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။                                                                                                                           ဧဧခိုင်အဖွင့်မှာဈေးကောင်းရတဲ့ နနွင်းတက်     မနှစ်က အပိတ်ဈေး ၂၅၀၀ ကျပ်ဝန်းကျင်ထိရှိခဲ့တဲ့ နနွင်းတက်ဟာ အခု အသစ်ပေါ်စမှာလည်း ဗမာနနွင်းတက်က တစ်ပိဿာ ၁၉၀၀ ကျပ်၊ ၁၉၅၀ ကျပ်၊ ရှမ်းနနွင်းတက်က တစ်ပိဿာ ၁၇၀၀ ကျပ်၊ ၁၇၅၀ ကျပ် ဈေးနဲ့ အဖွင့်ကောင်း ခဲ့တာကိုတွေ့ရပါတယ်။ မန္တလေးတိုင်းအနေနဲ့ နနွင်းတက်ကို ကျောက်ဆည်ခရိုင်၊ ဟံမြင့်မိုရ်နယ်မှာအစိုက်များပြီး၊ အထွက်နှုန်းကလည်း အရင်နှစ်ကထက် ၁၅ ရာခိုင် နှုန်းမှ ၂၀ရာခိုင်နှုန်းထိပိုနိုင်ကြောင်း သိရပါတယ်။ ယခင်နှစ်အသစ်ပေါ်စက ဈေး ထက် အများကြီးပိုပြီး၊ ကျောက်ဆည် ပွဲရုံများအနေနဲ့ မန္တလေးကို အနည်း အကျဉ်း သာတင်ပို့ကာ ရန်ကုန်ကိုသာ အများအပြားတင်ပို့လေ့ရှိပြီး ယခုနှစ်မှာတော့ တင်ပို့မှု မရှိသေးဘဲ တင်ပို့ဖို့ကုန်ပစ္စည်းစုဆောင်းနေတယ်လို့ ကုန်သည်များထံက သိရပါတယ်။                                                                                                                     သင်းသင်းမြတ်အသစ်တွေ ဝင်ရောက်တော့မှာဖြစ်လို့အိန္ဒိယနနွင်းဈေး ကျနိုင်တယ်လို့ဆို     ဖေဖော်ဝါရီလ ၁၈ ရက်နေ့ NCDEX ကုန်စည်ဒိုင်မှာ အရောင်းအဝယ်ပါးလို့ ဧပြီလစာချုပ်နနွင်းဈေးဟာ တစ်တန်ကို ရူပီး ၃၀(ကန်ဒေါ်လာ ဝဒသမ ၆၄) ကျဆင်းပြီး ရူပီး ၇၄၂၅၀ (ကန်ဒေါ်လာ ၁၅၉၅) နဲ့ ဈေးဖွင့်ခဲ့ ပါတယ်။ ဖေဖော် ဝါရီလကုန်ပိုင်းမှာ နနွင်းအသစ်တွေ ဈေးကွက်ထဲ စတင်ဝင်ရောက်တော့မှာဖြစ်ပြီး မတ်လမှာ လှိုင်လှိုင်ဝင်လာတော့မှာဖြစ်လို့ ဖေဖော်ဝါရီလကုန်မှာ နနွင်းဈေး ကျ ဆင်းနိုင်သေးတယ်လို့ ကုန်စည်လေ့လာ ဆန်းစစ်သူ Anit Patadia က ပြောကြားပါ တယ်။      အင်ဒရာပရာဒေ့ရှ်က လက်ငင်းဈေးကွက်တစ်ခုဖြစ်တဲ့ Nizamabad  မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တစ်တန်ကို ရူပီး ၉၈၇၁၀  (ကန်ဒေါ်လာ ၂၁၂၀)နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                                                                                                            ယမုံနာ Sources: commodityonline