Main menu

Background

ပြင်ပငွေလဲဈေးကွက်အတွင်း ငွေလဲနှုန်းများ အနည်းငယ်ကျဆင်းလာ

Wed, 05/07/2014 - 08:38 -- ydnar

 

သြင်္ကန်ကာလကျော်လွန်လာခဲ့ သော်လည်း ပြင်ပငွေလဲဈေးကွက် အတွင်းတွင် ငွေဈေးနှုန်းများမှာ ပြန် လည်ကျဆင်းလာ ခဲ့ပြန်ကြောင်းဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဈေးကွက်အတွင်း ငွေများအိပ်နေခြင်း ကြောင့် ပုံမှန်ထက်လျော့နည်း ကာရောင်း ဝယ်နေရခြင်းဖြစ်ကြောင်း ပုဂ္ဂလိက ငွေလဲစင်တာများမှ စုံစမ်းသိရှိရသည်။''ဈေးကွက်ထဲမှာ အဝယ်ထက် အရောင်းက ပိုများတယ်။ အဲဒီအခါ ကျတော့ ဈေးကွက်မှာ ငွေက ပိုငွေတွေ များလာတယ်။ ဒါဟာ ငွေဈေးကျမယ့် အရိပ်အယောင်ပဲ။ ခုလည်း ကျသွားတယ်။ပြီးခဲ့တဲ့အပတ်တုန်းက ၉၆၃-၆၄ လောက်ရှိတယ်။ ခု ဒီတစ်ပတ်မှာ ဈေး စဖွင့်တုန်းက ၉၆၃ကျပ်နဲ့စဖွင့်ပေမယ့် ခုရက် ကျတော့ ၉၆၀ကျပ်ပဲရှိတော့ တယ်။ သုံးကျပ်လောက်ကျသွားတာ ပေါ့။ ကျွန်တော်တို့ဆီမှာက ရောင်းဈေး ကို ဘဏ်တွေ က ငွေလဲ စင်တာတွေ အောက်လေးကျပ်လောက် လျော့ပြီးရောင်းပါတယ်။ ဒါပေမယ့်လည်း အဝယ်က နည်းပြီး လာရောင်းတာက ပုံမှန် ထက်များနေတော့ဈေးကိုဆွဲတင်လို့မရဘူးဖြစ်နေတယ်။နိုင်ငံတကာကပဋိပက္ခတွေကြောင့်ဒေါ်လာဈေးကျလာတာလည်း မြန်မာနိုင်ငံ ရဲ့ငွေလဲနှုန်း ကို ထိခိုက်စေတာပေါ့''ဟု ပုဂ္ဂလိက ငွေလဲစင်တာတစ်ခုမှ တာဝန်ရှိသူတစ် ဦးကဆိုသည်။
ယခုတစ်ပတ်တွင်း ဧပြီလ ၂၈ ရက်နေ့က အမေရိကန်တစ်ဒေါ်လာ လျှင် သိမ်ဖြူငွေလဲစင်တာ၌ ရောင်းဈေး ၉၆၇ကျပ်၊ ဝယ်ဈေး ၉၅၇ကျပ်ရှိခဲ့ပြီး မေလ ၂ရက်နေ့တွင်မူ ရောင်းဈေး ၉၆၈ကျပ်၊ ဝယ်ဈေး ၉၅၈ကျပ်ရှိခဲ့သည်။ပြင်ပငွေလဲစင်တာများ တွင် ဧပြီ လ ၂၈ရက်နေ့က ရောင်းဈေး ၉၆၃ ကျပ်၊ ဝယ်ဈေး ၉၆၂ကျပ်ရှိခဲ့ပြီး မေလ ၂ရက်နေ့တွင်ရောင်းဈေး၉၆၀ကျပ်၊ဝယ် ဈေး ၉၆၄ ကျပ်ရှိ ခဲ့သည်။