Main menu

Background

ငွေလဲနှုန်းများအနည်းငယ်မြင့်တက်လာ

Wed, 02/18/2015 - 21:36 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

  ယခုတစ်ပတ်အတွင်း  ငွေလဲလှယ် နှုန်းများသည် အနည်းငယ်မြင့်တက်လာ ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။   ပြင်ပငွေဈေးကွက်တွင် သာမက သိမ်ဖြူငွေလဲဈေးကွက်တွင်ပါ ဈေးနှုန်းများ   မြင့်တက်လာခဲ့ခြင်းဖြစ် သည်။ဗဟိုဘဏ်မှ  ယခုတစ်ပတ်အတွင်း သတ်မှတ်လိုက်သည့် ရည်ညွှန်းငွေလဲ နှုန်းမှာ ဖေဖော်ဝါရီ ၉ ရက်က ၁၀၂၅ ကျပ်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် ၁၀၂၆ ကျပ်သို့ မြင့်တက်လာခဲ့သည်။ဗဟိုဘဏ်၏  ရည်ညွှန်းငွေလဲနှုန်း ထားများ အနည်းငယ်မြင့်တက်လာမှုနှင့် အတူ ပုဂ္ဂလိကဘဏ်များ၏  ငွေလဲစင် တာများနှင့် ပြင်ပငွေလဲစင်တာများတွင် ငွေလဲနှုန်းများ   အနည်းငယ်မြင့်တက် လာခဲ့ကြောင်း   ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
   နိုင်ငံတကာမှာ ဒေါ်လာဈေးအား ကောင်းလာတဲ့အတွက်  ခုလို အနည်း ငယ်ဈေး  မြင့်တက်လာရတာပါ။ ဈေး တက်တယ်ဆိုပေမယ့်လည်း အရောင်း အဝယ်က ပုံမှန်အတိုင်းပါပဲ။ တရုတ်နှစ် သစ်ကူးကာလလည်းဖြစ်နေတော့ ဈေး ကွက်က ခန့်မှန်းလို့မရဘူးဖြစ်နေတယ် ဟု အနော်ရထာလမ်းပေါ်ရှိ ငွေလဲစင် တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။
သိမ်ဖြူငွေလဲစင်တာတွင် ဖေဖော် ဝါရီ ၉ရက်က ရောင်းဈေး ၁၀၃၀ကျပ်၊ ဝယ်ဈေး ၁၀၂၅ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ ရောင်းဈေး ၁၀၃၄ ကျပ်၊ ဝယ်ဈေး ၁၀၂၈ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသည်။
ပြင်ပငွေလဲစင်တာများတွင်   ဖေ ဖော်ဝါရီ ၉ ရက်က ရောင်းဈေး ၁၀၃၃ ကျပ်၊ ဝယ်ဈေး ၁၀၂၉ ကျပ်ရှိခဲ့ရာမှ ဖေ ဖော်ဝါရီ ၁၁  ရက်တွင် ရောင်းဈေး ၁၀၃၅ကျပ်၊ ဝယ်ဈေး ၁၀၃၁ ကျပ်သို့ မြင့်တက်လာခဲ့ကာ  ဖေဖော်ဝါရီ ၁၃ ရက်တွင် ရောင်းဈေး ၁၀၃၇ ကျပ်၊ ဝယ်ဈေး ၁၀၃၃ကျပ်သို့ ဆက်လက်မြင့် တက်ခဲ့သည်။                 

   မယ်သီတာ