Main menu

Background

တရုတ်နယ်စပ်ရော၊ ထိုင်းနယ်စပ်မှပါ နှမ်းတင်ပို့

Fri, 04/01/2016 - 15:37 -- journal_editor

 မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ မတ် ၁၂ ရက်မှ ၁၈ ရက်တာ သီတင်းပတ်အတွင်း ကန် ဒေါ်လာ သုည ဒသမ ၄၄၈ သန်းဖိုးရှိ နှမ်းနက် ၃၇၃ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၄၅၀၄၅ တန်ဖိုးရှိ နှမ်းနက် ၃၂ တန်ကျော်တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်က ချင်းရွှေဟော်မှ နှမ်းနက် ၂၂၆ တန်နဲ့ နှမ်းဖြူ ၂၂၃ တန်တင်ပို့ခဲ့လို့ ယခုတစ်ပတ် နှမ်းတင်ပို့မှု လျော့နည်းသွားခဲ့ပါတယ်။ တင်ပို့မှု မရှိသော်လည်း မူဆယ်ကုန်စည်ဒိုင်ရဲ့ နှမ်းဖြူတစ်တန် မိမိဘက်ဈေးမှာ ၁၂၆၈၅၂၂ ကျပ်နဲ့ နှမ်းနက် တစ်တန်ကို ၁၈၁၅၉၆၇ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ မန္တလေးနှမ်းဈေးကွက်အတွင်း တရုတ်ဝယ်လိုအားကြောင့် နှမ်းရောင်စုံဈေးများမြင့်တက်လာခဲ့ပြီး ၄၅ ပိဿာဝင် နှမ်းတစ်အိတ်ကို ၂၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ မြင့်တက်လာတာ  တွေ့ရပါတယ်။                                                                                                                                                  

       မော်မော်အောင်