Main menu

Background

အိမ်သုံးလျှပ်စစ်ပစ္စည်းများအားမြဝတီကုန်သွယ်ရေးဇုန်မှ တင်သွင်းလျက်ရှိ

Thu, 03/11/2021 - 11:27 -- journal_editor

၁။           မြဝတီကုန်သွယ်ရေးဇုန်တွင် ထိုင်းနိုင်ငံမှ သွင်းကုန်ပစ္စည်းများ အမယ်ပေါင်းများပြားစွာ တင်သွင်းလျှက်ရှိရာ လူသုံး/အိမ်သုံးလျှပ်စစ်ပစ္စည်းများလည်း တင်သွင်းလျက်ရှိပါသည်။ လျှပ်စစ်ပစ္စည်း များဟုဆိုရာတွင် မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပါ သည်။ မြဝတီကုန်သွယ်ရေးဇုန်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တင်သွင်းခဲ့သော လျှပ်စစ်ပစ္စည်း များ၏ သွင်းကုန်ဂျူတီစျေးနှင့် အကောက်ခွန်နှုန်းထားများကို ဖော်ပြလိုပါသည်။

၂။            မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သော ELECTRIC MULTI COOKER တစ်လုံးလျှင် ၃ ဒေါ်လာ၊ ELECTRIC RICE COOKER တစ်လုံးလျှင် ၅.၂၅ ဒေါ်လာ၊ ELECTRIC PRESSURE COOKER တစ်လုံးလျှင် ၄ ဒေါ်လာ၊ ELECTRIC FRYING PAN တစ်လုံးလျှင် ၃ ဒေါ်လာမှ ၆ ဒေါ်လာအထိ၊ ELECTRIC PAN MISUSHITA BRAND  MODEL:SGP တစ်လုံးလျှင် ၉ ဒေါ်လာမှ ၁၀.၇ ဒေါ်လာထိ၊ ELECTRIC GRILL PAN တစ်လုံးလျှင် ၄ ဒေါ်လာ၊ ELECTRIC JAR POT တစ်လုံးလျှင် ၃ ဒေါ်လာ၊ JAR POT MISUSHITA KP-2421 တစ်လုံးလျှင် ၉.၅၂ ဒေါ်လာ၊ ELECTRIC KETTLE တစ်လုံးလျှင် ၁ ဒေါ်လာ မှ ၁၆ ဒေါ်လာ၊ ELECTRIC SUKI POT တစ်လုံးလျှင် ၂ ဒေါ်လာ၊ BBQ & HOT POT တစ်လုံးလျှင် ၄ ဒေါ်လာ၊ ELECTRIC BBQ & HOTPOT တစ်လုံးလျှင် ၃၀ ဒေါ်လာ၊ AIR FRYER တစ်လုံးလျှင် ၁၀ ဒေါ်လာ မှ ၂၀ ဒေါ်လာ၊ BBQ & GRILL တစ်လုံးလျှင် ၅ ဒေါ်လာ၊ ELECTRIC TOASTER တစ်လုံးလျှင် ၂ ဒေါ်လာ၊ ELECTRIC SLICES OF BREAD 220V တစ်လုံးလျှင် ၁၂.၅ ဒေါ်လာ၊ MICROWAVE OVEN 1050W တစ်လုံးလျှင် ၅၀.၅ ဒေါ်လာ၊ ELECTRIC OVEN တစ်လုံးလျှင် ၄ ဒေါ်လာ၊ ELECTRIC SUKIPOT တစ်လုံး လျှင် ၄ ဒေါ်လာ၊ ELECTRIC HOB MODEL:JZC 63312 ABB BRAND:TEKA C/O:CHINA တစ်လုံးလျှင် ၃၀ ဒေါ်လာ၊ GAS COOKER(single) တစ်လုံးလျှင်  ၃ ဒေါ်လာ၊ (double) တစ်လုံး ၁၀ ဒေါ်လာ၊ GAS STOVE (SINGLE) တစ်လုံးလျှင် ၅ ဒေါ်လာ၊ GAS STOVE (DOUBLE)တစ်လုံး ၈ဒေါ်လာ၊ GRILLED PAN တစ်ကီလိုလျှင် ၀.၉ ဒေါ်လာ၊ ELECTRIC BARBECUE တစ်လုံးလျှင် ၃၀ ဒေါ်လာ၊ ELECTRIC BARBECUE GRILL တစ်လုံးလျှင် ၈၀ ဒေါ်လာ၊ ELECTRIC BLENDER တစ်လုံးလျှင် ၃ ဒေါ်လာမှ ၁၀ ဒေါ်လာထိ၊ Coffee Maker တစ်လုံးလျှင် ၄ ဒေါ်လာစျေးနှုန်းရှိကြောင်း၊ ဖော်ပြပါလျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်း CD နှုန်းမှာ 7.5 % မှ 10 % ထိပေးဆောင်ရပြီးCT နှုန်းမှာ 5% ပေးဆောင်၍ တင်သွင်းရကြောင်းသိရှိရပါသည်။

၃။           အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သော FLUORESCENT LAMP TUBE 2FT  တစ်ချောင်းလျှင် ၀.၁၅ ဒေါ်လာ၊ FLUORESCENT LAMP TUBE 4FT တစ်ချောင်းလျှင် ၀.၂၅ ဒေါ်လာ၊ ELECTRO DECORATION တစ်စုံလျှင် ၀.၀၈ ဒေါ်လာ၊ LED BULB SET တစ်ကီလိုလျှင် ၁.၈ ဒေါ်လာ၊ PENDANT LAMP / TABLE LAMP SET/ECO LAMP တစ်ခုလျှင် ၅ ဒေါ်လာ၊ CHANDELIER LIGHT SET တစ်ခုလျှင် ၇၅ ဒေါ်လာ၊ ELECTRIC IRON တစ်ခုလျှင် ၃ ဒေါ်လာ၊ ELECTRIC KNIFE SWITCH MAIN & CHANGE OVER တစ်ကီလိုလျှင် ၀.၃ ဒေါ်လာ၊ ELECTRIC MOSQUITO TRAP တစ်ခုလျှင် ၄ဒေါ်လာ၊ ELECTRIC STEAM BOAT တစ်လုံးလျှင် ၁၀ ဒေါ်လာ၊ ELECTRIC SWITCH တစ်ကီလိုလျှင် ၅ ဒေါ်လာ၊ ELECTRIC TWO PIN PLUG တစ်ကီလိုလျှင် ၀.၁၂ ဒေါ်လာ၊ ELECTRIC VACUUM CLEANER တစ်ခုလျှင် ၄ ဒေါ်လာ၊ HAIR DRYER (1000W) တစ်ခုလျှင် ၇.၅ ဒေါ်လာ၊WATER COOLER တစ်ခုလျှင် ၈ ဒေါ်လာ၊ WATER HEATER MODEL:DSZF 15-WS/50 BRAND:TEKA C/O:CHINA တစ်ခုလျှင် ၂၅ဒေါ်လာမှ ၃၅ ဒေါ်လာထိ၊ EXHAUST FAN 8 INCHES တစ်ခုလျှင် ၂ ဒေါ်လာ၊ MOUNT FAN တစ်ခုလျှင် ၃ ဒေါ်လာ၊ 12" TABLE FAN တစ်ခုလျှင် ၄.၅၇ ဒေါ်လာ၊ 16"  STAND FAN တစ်ခုလျှင် ၇ ဒေါ်လာ၊ CEILING FAN 48 INCHES တစ်ခုလျှင်   ၁၂ဒေါ်လာ၊ EXHAUST FAN 8 INCHES တစ်ခုလျှင်   ၂ ဒေါ်လာဖြစ်ကြောင်း၊ အခွန်နှုန်းထားမှာ CD 3% နှင့် CT 5% ဖြစ်ကြောင်း သိရှိရ ပါသည်။

၄။                ကုန်သွယ်ရေးဦးစီးဌာနမှ ဖော်ပြပါလျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်းအတွက် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်အမှတ်(၆၈/၂၀၂၀)အရ သွင်းကုန်လိုင်စင်ရယူခြင်းမှ ဖြေလျော့တင်သွင်းခွင့်ပြု ထား၍ အကောက်ခွန်ဦးစီးဌာန၏ သွင်းကုန်ကြေညာလွှာ(ID)ဖြင့် တင်သွင်းနိုင် ပါသည်။ မြဝတီနယ်စပ်မှ တင်သွင်းသော လျှပ်စစ်ပစ္စည်းများမှာ ဂျူတီစျေးနှုန်းသက်သာပြီး ခရီးလမ်း ကြောင်းတိုသဖြင့် ကုန်ကျစရိတ်သက်သာ ပါသည်။ မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းများကို တင်သွင်းခြင်း အပေါ် လက်ရှိငွေလဲနှုန်းဖြင့် အခွန်ငွေတွက်ချက်ပါက ထမင်းပေါင်းအိုးတစ်လုံးတင်သွင်းလျှင် အခွန်ငွေ ၁၀၀၀ ကျပ်ဝန်းကျင်သာ ကျသင့်ကြောင်း၊ အကြော်ဒယ်အိုး တစ်လုံးလျှင် Brand နှင့် Kilowatt အခွန်ငွေ (၆၆၁)ကျပ်မှ (၁၃၂၂) ကျပ်ထိလည်းကောင်း၊ JAR POT တစ်လုံးတင်သွင်းလျှင် (၁၇၄၂)ကျပ်၊ ပေါင်းမုန့် မီးကင်စက် တစ်လုံးလျှင် (၄၄၁)ကျပ်၊ အသီးဖျော်စက်တစ်လုံးလျှင် အမျိုးအစား နှင့် အသုံးပြုနိုင်သည့် Watt အရ (၂၇၅၄)ကျပ်မှ (၅၇၇၃)ကျပ်အထိ၊ ကော်ဖီဖျော်စက် တစ်လုံးလျှင် (၇၇၀)ကျပ်သာ အခွန်ငွေ ကျသင့်မည်ဖြစ်ပါသည်။

၅။           မြန်မာနိုင်ငံအတွင်းသို့ လူသုံးကုန်လျှပ်စစ်ပစ္စည်းများ တင်သွင်းမှုသည် ထိုင်းနိုင်ငံ တစ်နိုင်ငံ တည်းမှ တင်သွင်းခြင်းမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနိုင်ငံတို့မှလည်း တင်သွင်းလျှက်ရှိပါသည်။ သို့ရာတွင် Quality နှင့် Logistic အနေအထားအရထိုင်းနိုင်ငံမှ လျှပ်စစ် ပစ္စည်းများသည် အသာစီးရရှိပြီးစျေးကွက်ရရှိလျက်ရှိပါသည်။ မြဝတီနယ်စပ်မှ တင်သွင်းမှုသည် ရန်ကုန်စျေးကွက်အရောက် ခရီးလမ်းကြောင်းတိုတောင်း၍ ကုန်ကျစရိတ်သက်သာခြင်း၊ အရည်အသွေး ကောင်းမွန်ခြင်းတို့ကြောင့် စျေးကွက်အသာစီး ရရှိခြင်းဖြစ်ပါသည်။ အိန္ဒိယထုတ် လျှပ်စစ်ပစ္စည်းများ သည် အရည်အသွေးကောင်းသော်လည်း အနီးစပ်ဆုံး တမူးနယ်စပ်မှ တင်သွင်းလျှင် လမ်းခရီးရှည်၍ ကုန်ကျစရိတ်များပြားခြင်းကြောင့် စျေးကွက်တွင် စျေးကြီးပါကြောင်း၊ တရုတ်နိုင်ငံထုတ် လျှပ်စစ် ပစ္စည်းများသည် မူဆယ်နယ်စပ်မှ မန္တလေးစျေးကွက်သို့ ရောက်ရှိရန် မြန်ဆန်သော်လည်း အရည် အသွေးအရ ထိုင်းနိုင်ငံနှင့် အိန္ဒိယအရည် အသွေးကိုမမီခြင်းကြောင့် ထိုင်းနိုင်ငံထုတ် လျှပ်စစ်ပစ္စည်း သာလျှင် စျေးကွက်တွင် ရောင်းအားအကောင်းဆုံးဖြစ်နေကြောင်း လေ့လာသိရှိရပါသည်။

၆။           သို့ဖြစ်၍ ထိုင်းနိုင်ငံထုတ် အရည်အသွေးကောင်းမွန်သော လူသုံး/အိမ်သုံး လျှပ်စစ်ပစ္စည်းများ ကိုရန်ကုန်စျေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် တင်သွင်းရောက်ရှိနိုင်သဖြင့် လုပ်ငန်းရှင်ကုန်သည် များအား အမြတ်အစွန်းပိုမိုရရှိနိုင်၍ မြဝတီနယ်စပ်မှ တင်သွင်းဆောင်ရွက်သင့်ပါ ကြောင်း အသိပေးဖော်ပြပေးလိုက်ရပါသည်။

       မြဝတီကုန်သွယ်ရေးဇုန်