Main menu

Background

သရက်သီးမှည့် ရာသီချိန် အရောင်းအဝယ်လိုက်

Thu, 06/10/2021 - 15:24 -- journal_editor

 

မကွေးတိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်နေပြီး ရောင်းလိုအား ဝယ်လိုအား လိုက်နေကြောင်း ရေနံချောင်းမြို့နယ်မှ သရက်သီးမှည့် ရောင်းဝယ်သူများထံမှသိရသည်။ “သရက်သီးကတော့ သရက်စိန်တလုံး၊ ဘုရားကုန်းသရက်သီး၊ ပျားရည်စမ်း  အမျိုးအစားငါးခုခန့်ဝင်နေပြီး သရက်သီးမှည့် အဝင်များပြီး ဈေးကလည်း အနိမ့်ဆုံးသရက်သီး ၁၀လုံးလျှင် ငွေကျပ် ၁၀ဝ၀ ကနေ စိန်တလုံး  သရက်သီးမှည့် ၁၀ လုံးလျှင် ငွေကျပ် ၁၅၀ဝ အတွင်းရှိပြီး ယခင်နှစ်ပတ်ခန့်က သရက်သီး တစ်ဝယ်လုံးလျှင် ငွေကျပ် ၂၀ဝ၀၊ ငွေကျပ် ၃၀ဝ၀အတွင်း ဈေး ပေါက်ကြတယ်”ဟု သရက်သီးမှည့်ရောင်းသည့်ဈေးသည်များထံမှ သိရသည်။

ယခုနှစ်တွင်  သရက်သီးအထွက်ကောင်းခဲ့ပြီးဝင်ရောက်မှုများသည့်အပြင် ဒေသခံများက သရက်သီးကို ရပ်ကွက်များ အတွင်း လိုက်လံရောင်းချသောကြောင့်ဈေးနှုန်းအေးသွားကြောင်း သိရသည်။

ဆန်းညွန့် (ရေနံချောင်း)