Main menu

Background

ပြည်ပသို့ထွက်ခွာရန် တာစူနေသည့် ရွှေရှင်းပျားလိမ္မော်သီး

Wed, 02/16/2022 - 15:57 -- journal_editor

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီ လိတ်မြို့နယ်အတွင်းရှိ  ဖန်မင်အုပ်စု၊ ဝမ်ကောကျေးရွာနှင့် တာလေမြို့နယ်ခွဲတို့တွင်  ွဗဏ-ွသသိ ဗါမငခကူအကမန ဏမခေအငခနျ စနစ်ဖြင့် (သီးနှံများစတင် စိုက်ပျိုးရန် မြေစတင်ရွေးချယ်ချိန်မှ စ၍ စားသုံးသူများ လက်ဝယ်ရောက်ရှိသည်အထိ စိုက်ပျိုး ထုတ်လုပ်မှုအဆင့်တိုင်းကို သီးနှံများတွင်  ဓာတုဆေးများ၊ ကူးစက်မှုများစသည့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူး ဂရုပြုဆောင်ရွက်ခြင်း အလေ့အကျင့်ကောင်း) စိုက်ပျိုးထားရှိ သော ပျားလိမ္မော်ဧက ၅၀ဝ ကျော်ပိုင်ဆိုင်သော ရွှေရှင်းပျား လိမ္မော်ခြံ၏ စိုက်ဧက၊ သွင်းအားစု၊ သီးနှံထွက်ရှိမှု အခြေအနေ နှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား သိရှိနိုင်ပါရန် ရွှေရှင်းပျား လိမ္မော်ခြံလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
ပျားလိမ္မော်သည် အေး၍ စိုစွတ်သောရာသီဥတုကို နှစ်  သက်၍ ရေသွင်းစိုက်ပျိုးရသော သီးနှံအမျိုးအစားဖြစ်သော် လည်း ရေဝပ်မှုဒဏ်ကိုမခံနိုင်သော အပင်မျိုးဖြစ်သည်။ လေဝင် လေထွက်ကောင်းရန်အတွက် ပင်ခြားတန်းခြား (၉ ပေ_ ၁၈ ပေ)ခြား၍စိုက်ပျိုးရသော အပင်မျိုးဖြစ်ပြီး တစ်နှစ်သားအောက် အပင်များကို သဘာဝမြေသြဇာဖြစ်သော နွားချေးကို သုံးလ တစ်ကြိမ် ထည့်သွင်းပေးရသည်။ အပင်သုံးနှစ်သားအရွယ် တွင် အသီးစတင် ခူးဆွတ်ရသည်။ အသီးမခူးဆွတ်မီ သုံးပတ် အလိုတွင် ပိုးသတ်ဆေးပက်ဖျန်းခြင်း မပြုလုပ်တော့ကြောင်း သိရသည်။
အသီးခူးဆွတ်ချိန်တွင် ဒီဇင်ဘာလမှ မတ်လအထိဖြစ် ပြီး အသီးခူးဆွတ်ရာတွင်  အသီးအတွဲလိုက်ရှိသော အကိုင်း အခက်များကို ကတ်ကြေးဖြင့် ဖြတ်တောက်ပြီးနောက် အသီး တစ်လုံးချင်းစီဖြစ်အောင် ပြန်လည်ဖြတ်တောက်ကာ ၎င်း အသီးများကို သန့်ရှင်းအောင်ပြုလုပ် ထုပ်ပိုးကြသည်။ ပျား လိမ္မော်တစ်ပင်လျှင် အထွက်နှုန်းကီလို ၅၀ မှ ၆၀ အထိ ထွက် ရှိပြီး ယခုနှစ်တွင် တစ်ကီလိုဈေးနှုန်းမှာ ကျပ် ၂၅၀ဝ  မှ ကျပ် ၃၀ဝ၀ အထိပေါက်ဈေးရှိပြီး ယခင်နှစ်တစ်ကီလို ဈေးနှုန်းမှာ ကျပ် ၂၀ဝ၀ မှ ကျပ် ၃၀ဝ၀ ရှိသည်။
ရွှေရှင်းပျားလိမ္မော်ခြံအနေဖြင့် ဒေသအတွင်းဖြစ်သော ကျိုင်းတုံခရိုင်၊  တာချီလိတ်ခရိုင်နှင့်  မိုင်းဆတ်ခရိုင်များရှိ မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ပြည်မ (ရန်ကုန်- မန္တလေး)မြို့များသို့  တင်ပို့ရန်ဆန္ဒရှိသော်လည်း လမ်းပန်း ဆက်သွယ်ရေးကွာဝေးခြင်းနှင့် သယ်ယူစရိတ် ကြီးမြင့်ခြင်း စသည့်  အခက်အခဲများကြောင့် နယ်စပ်ဒေသဖြစ်သည့် အလျောက် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရန်သာ အဓိကထား  ဆောင်ရွက်လျက်ရှိပါသည်။ ယခင်နှစ်က ထိုင်းနိုင်ငံသို့ ပျား လိမ္မော် တန်ချိန် ၁၀၅၆ တန်  တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ဒေသအတွင်း စားသုံးရန်အတွက်သာ ဖြန့်ဖြူးရောင်းချနိုင် သည်။ ထိုင်းနိုင်ငံမှ ဝယ်ယူမည်ဆိုပါက လက်ရှိတွင် တန်ချိန် ၂၀ဝ ခန့် တင်ပို့နိုင်ရန် အဆင်သင့်ရှိကြောင်း သိရသည်။
ရွှေရှင်းပျားလိမ္မော်ကို  ယခုနှစ်တွင်   ယခင်နှစ်ကဲ့သို့ ပြင်ပတင်ပို့ရန် နောင့်နှေးကြန့်ကြာနေရ ခြင်းမှာ ထိုင်းနိုင်ငံ အနေဖြင့် ၎င်းနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် ပျားလိမ္မော်များ ကိုသာ အဓိကထား ဖြန့်ဖြူးရောင်းချလျက်ရှိပြီး နိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချရန် မလုံလောက်သည့် အခြေအနေမှသာတင် သွင်းခွင့်ကို လက်ခံဆောင်ရွက်မည်ဖြစ်ခြင်း၊ ထိုင်းနိုင်ငံ၏ ပုဂ္ဂလိက ဓာတ်ခွဲခန်း ထောက်ခံချက်ရမှသာ တင်သွင်းခွင့်ပြု သည့်အတွက်  ထောက်ခံချက်ရရှိရန် ခက်ခဲခြင်း၊ ကမ္ဘာ့ကပ် ရောဂါ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားလျက်ရှိခြင်းတို့ကြောင့် ရွှေ ရှင်းပျားလိမ္မော်အနေဖြင့်  ထိုင်းနိုင်ငံသို့  တင်ပို့ရောင်းချရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း  တင်ပို့ နိုင်ခြင်း  မရှိသေး ကြောင်း သိရသည်။
မျိုးအောင်(ကျိုင်းတုံ)