Main menu

Background

၂၀၂၂ ခုနှစ် မတ်လတွင် ရော်ဘာတန်ချိန် လေးသောင်းခြောက်ထောင်ကျော်တင်ပို့

Thu, 04/28/2022 - 15:44 -- journal_editor

၂၀၂၂ ခုနှစ် မတ်လတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၄၃၉၅၀ ခန့် တင်ပို့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၆၆ ဒသမ ၉၅၆ သန်းကျော်ရရှိကြောင်း သိရသည်။နိုင်ငံအလိုက် တင်ပို့မှုများ အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို့ ရော်ဘာတန်ချိန် ၂၅၃၂၀ ခန့်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၁၅၆၆၀ခန့်၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၇၈၀ ကျော် ၊ ထိုင်ဝမ်သို့ တန်ချိန် ၂၀ဝ ခန့်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၃၀ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၉ ခန့်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၂၈၀ ခန့်၊ ကိုရီးယားနိုင်ငံသို့ တန်ချိန် ၃၄၀ ခန့်နှင့် အင်ဒိုနီးရှား နိုင်ငံသို့ တန်ချိန် ၄၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။၂၀၂၂ ခုနှစ် မတ်လတွင် မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ရော်ဘာတန်ချိန် ၁၄၄၀ ခန့်နှင့် မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ရော်ဘာတန်ချိန် ၁၀ဝ၀ ခန့် တင်ပို့နိုင်သဖြင့် စုစုပေါင်း တန်ချိန် ၂၄၄၀ ခန့် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၉ သန်း ရရှိကြောင်း သိရသည်။မတ်လ တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး  လမ်းကြောင်းများမှ ရော်ဘာတင်ပို့မှု တန်ချိန် ၄၆၃၉၀ ခန့် နှင့် တန်ဖိုးအမေရိကန် ဒေါ်လာ ၇၁ ဒသမ ဝ၄၆ သန်းရရှိကြောင်း သိရသည်။                                    

အေးအေးသန့်( DOT)