Main menu

Background

ကယားပြည်နယ် ထွက်ကုန်စီးဆင်းမှု အခြေအနေ

Mon, 05/02/2022 - 13:52 -- journal_editor

ကယားပြည်နယ်တွင်  စပါး၊ ပြောင်း၊ နှမ်း သီးနှံတို့ကို  အဓိကစိုက်ပျိုးသော  ဒေသဖြစ်ပြီး ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ် လအထိ အခြားဒေသမှ ပြည်နယ်တွင်းသို့   ဆန် တင်သွင်းမှုမှာ ၁၇၄၈၈ အိတ်၊ ၈၇၄ တန်၊ ကယား ပြည်နယ်မှအခြားဒေသသို့ဆန်တင်ပို့မှုမှာ၂၀၈၂၄ အိတ်၊ ၁၀၄၁ တန်၊ ပြောင်းတင်ပို့မှုမှာ ၁၈၄၃၀၅ အိတ်၊၉၀၂၉ တန်နှင့် နှမ်းတင်ပို့မှုမှာ ၆၆၁၀ အိတ်၊ ၁၆၂ တန်တို့ဖြစ်ပြီး   ဆန်ကို ရန်ကုန်၊ မန္တလေးသို့ လည်းကောင်း၊ ပြောင်းကို  မြဝတီမြို့ သို့လည်းကောင်း၊ နှမ်းကို မန္တလေးသို့လည်းကောင်း အများ ဆုံး တင်ပို့ကြကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရသည်။ကယားပြည်နယ်တွင်  စပါးနှင့်ပြောင်းကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး အချို့ဒေသများတွင် ရွှေ့ပြောင်း တောင် ယာမှ  နှစ်ရှည်သီးနှံ ပြောင်းလဲ၍ ကော်ဖီကို အမယ်သစ် နှစ်ရှည်သီးနှံ အဖြစ် စိုက်ပျိုးလာရာ ၂၀၂၁-၂၀၂၂ ခုနှစ် ကော်ဖီ စိုက်ဧက ၇၀၉ ဧက၊ ရိတ်ဧက ၂၀၈ ဧကနှင့် တစ် ဧက ၁၄၆ ဒသမ ၅၅ ပိဿာ ထွက်ရှိပြီး စုစုပေါင်း အထွက်နှုန်းမှာ  ၃၀၄၈၃ ပိဿာ ထွက်ရှိကြောင်း၊ ကော်ဖီကိုဒီးမော့ဆို၊ ဒေါဘျာကူးဒေါသဲနှင့် ဖရူဆို၊ ဟိုယာ/ဘီယာ ဒေသများတွင် အများဆုံး  စိုက် ပျိုးကြပြီး နည်းပညာအနေဖြင့်    ဂျပန် (စိုက်၊ခူး၊ သန့်စင်)နည်းဖြင့် စိုက်ပျိုး၍ ပြည်တွင်းဈေးကွက် အနေဖြင့် ရန်ကုန်မြို့သို့ တင်ပို့ပြီး ပြည်ပဈေးကွက် စင်ကာပူ၊   ဂျပန်နိုင်ငံများသို့   တစ်နိုင်တစ်ပိုင် တင်ပို့လျက်ရှိပြီး  ကယားတောင်ကုန်းမြင့် ကော်ဖီ မှာ အာရာဗီကာနှင့် ကယားလီ ကာ်ဖီအမျိုးအစား များထုတ်လုပ်ပြီး  ကော်ဖီမှုန့် ၁၀ဝ ဂရမ်-၂၅၀ဝ ကျပ်၊ ၂၀ဝ ဂရမ် - ၃၅၀ဝ ကျပ်ဈေးနှုန်းဖြင့် ထုတ် လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

စန္ဒာမြင့်အောင်၊ ခူးမြင့်စိုး(ကယား)