Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုပမာဏ ၄၂ ဒသမ ၂၆၂ သန်းဖိုး ဆောင်ရွက်ခဲ့

Thu, 07/14/2022 - 13:35 -- journal_editor

ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း မြဝတီကုန် သွယ်ရေးဇုန်မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၆၅  သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ဝ၉၇ သန်း ရှိပြီး ကုန်သွယ်မှုပမာဏ ၄၂ ဒသမ ၂၆၂ သန်းဖြစ်ပြီး အနီးစပ် ဆုံး ယခင်တစ်ပတ် ဆောင်ရွက်နိုင်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် ၁၀ ဒသမ ၇၈၆ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်း တွင် သုည ဒသမ ၅၆၁ သန်း  ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၂၅ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
ယခင်တစ်ပတ်ထက် ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်း မှာ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန် ဒေါ်လာ ၆ ဒသမ ၆၃၁ သန်း၊ ရေထွက်ပစ္စည်းများ အုပ်စုတွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၂၄၅ သန်း၊ သစ်တောထွက် ပစ္စည်းအုပ်စုတွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၃၉၅ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်း အုပ်စုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄၀ သန်း၊  စက်မှုကုန်ချောပစ္စည်းတွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၅၂ သန်းနှင့် အခြားပစ္စည်းအုပ်စုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၁၃ သန်း လျော့နည်းခဲ့ခြင်း ကြောင့်ဖြစ်သည်။
သွင်းကုန်ပိုင်းအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်း အုပ်စု တွင် သုည ဒသမ ၈၆၆ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၇၀ သန်း ပိုမိုခဲ့ပြီး လူသုံးကုန်ပစ္စည်းအုပ်စုတွင် သုည ဒသမ ၃၇၅ သန်း  လျော့နည်းခဲ့သောကြောင့်   ယခင်တစ်ပတ်ထက် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၆၁ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအနေဖြင့် ယခု တစ်ပတ်တွင် ပြောင်းဖူးစေ့၊ ပဲတီစိမ်း၊ နှမ်းနက်၊ နနွင်းတက်၊ ကဏန်း၊ ရော်ဘာ၊ နွားအရှင်၊ ချုပ်ပြီး  အဝတ်အထည်များ၊ အခြားစက်မှုကုန်ချောပစ္စည်းများနှင့်     အခြားပစ္စည်းများ တင်ပို့မှုလျော့နည်းခဲ့ခြင်းကြောင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇၈၉ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်အနေဖြင့် တယ်လီဖုန်းနှင့် ဆက် သွယ်ရေးပစ္စည်းကိရိယာများ၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့် သက်ဆိုင်သောပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေး ပစ္စည်းများ၊ ဝါယာကြိုးများ၊ ရေနံထွက်ပစ္စည်းများ၊ ဓာတ်မြေ သြဇာများ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ တာယာနှင့် ကျွတ်များ၊  ဆေးဝါးပစ္စည်းများ၊ ဇာနှင့် ဇာထိုးထားသော အထည်အလိပ်တင်သွင်းမှု ပိုမိုခဲ့ခြင်းကြောင့် သွင်းကုန်တန်ဖိုး သုည ဒသမ ၅၆၁ သန်း ပိုမိုခဲ့ကြောင်း သိရသည်။     
မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပမာဏ လျာ ထားချက်အပေါ် ပြည့်မီကျော်လွန်ရေး ကုန်သွယ်မှု တိုးမြှင့်နိုင် ရေးစခန်းမှ ပို့ကုန် သွင်းကုန်လိုင်စင်များ အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုပေးနေခြင်း၊ တစ်ဖက်နိုင်ငံ အကောက်ခွန် သက်သာခွင့် အတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များ အချိန်နှင့် တစ်ပြေးညီ ထုတ်ပေးခြင်း၊ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်းများကို ကုန်သွယ်မှုနှင့် ဆက်စပ်သည့် ဌာန  အဖွဲ့အစည်းများနှင့်ညှိနှိုင်းပေါင်းစပ်ပြီး ကုန်သွယ်မှု တိုးတက် လာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြဝတီကုန် သွယ်ရေးဇုန်မှ သိရသည်။
အိမ့် (DOT)