Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလအတွင်း ကာလတူထက် ကုန်သွယ်မှုပမာဏ ပိုမိုဆောင်ရွက်

Tue, 11/22/2022 - 15:01 -- journal_editor

၂၀၂၂ ခုနှစ်  အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိကာလ အတွင်း တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အမေရိကန် ဒေါ်လာ ၁ဒသမ ၁၆၆ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ  ၈ ဒသမ ၇၂၆ သန်းရှိပြီး ကုန်သွယ်မှုပမာဏ ၉ ဒသမ ၈၉၂ သန်းဖြစ်၍ ကာလတူ ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၇၉ သန်း လျော့နည်းခဲ့သော်လည်း သွင်းကုန် အမေရိကန်ဒေါ်လာ၂ ဒသမ ၄၈၇ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေ ဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀၈ သန်း ပိုမို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကာလတူထက် ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ ရေထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၉၀၉ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၆၄ သန်းနှင့် အခြားပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၃ သန်း  ပိုမိုခဲ့သော်လည်း လယ်ယာထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅၀ သန်း၊ စက်မှုကုန် ချောပစ္စည်းအုပ်စုတွင် တန်ဖိုး  အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၆ သန်း တင်ပို့မှု လျော့နည်းခဲ့သောကြောင့်ဖြစ်သည်။  သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လူသုံးကုန်ပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၉၂ သန်း လျော့ နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ၈၅၇ သန်းနှင့် လုပ်ငန်းသုံး ကုန် ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ၂၂၂ သန်း တင်သွင်းမှု ပိုမိုခဲ့သောကြောင့်ဖြစ်သည်။
အနီးစပ်ဆုံးကာလဖြစ်သော စက်တင်ဘာလ၏  ကုန် သွယ်မှု ပမာဏနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည ဒသမ ၆၃၆ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၀၁ သန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ ၂ ဒသမ ၃၆၅ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ ပို့ကုန်ပိုင်း လျော့နည်း ရခြင်းမှာ ရေထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၁၀၉ သန်း ပိုမိုခဲ့သော်လည်း လယ်ယာ ထွက်ကုန်ပစ္စည်းအုပ်စု တွင် တန်ဖိုး  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၃၇ သန်း၊ သစ်တောထွက်ပစ္စည်း အုပ်စုတွင် သုည ဒသမ ဝ၅၄သန်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၅ သန်း နှင့် အခြားပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၉ သန်း တင်ပို့မှု လျော့နည်းခဲ့သောကြောင့်ဖြစ် သည်။ သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ ရင်းနှီးမြှုပ်နှံမှု ကုန် ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ဝ၃၂ သန်း လုပ်ငန်းသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၁ဒသမ ၉၈၈သန်း တင်သွင်းမှု ပိုမိုခဲ့သောကြောင့်ဖြစ် သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှု တိုးတက်ရေးအတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ OSS အဖွဲ့များ၊ ကျန်ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင် ရွက်လျက်ရှိကြောင်းနှင့် ကုန်သည်လုပ်ငန်းရှင်များကိုလည်း ပို့ကုန် ပိုမိုတိုးမြှင့်တင်ပို့ရေးနှင့် တရားဝင်လမ်းကြောင်းပေါ် မှသာ  ကုန်သွယ်မှုဆောင်ရွက်စေရေး တိုက်တွန်းအားပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း တာချီလိတ်ကုန်သွယ် ရေးစခန်းမှ သိရှိရသည်။                               
    အိမ့် (DOT)