Main menu

Background

ယခုတစ်ပတ်အတွင်း ပြောင်းနှင့် ရော်ဘာ တင်ပို့မှုအခြေအနေ

Mon, 11/28/2022 - 14:13 -- journal_editor

နိုဝင်ဘာ ၅ရက်မှ ၁၁ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၉၀ဝ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅၁ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၄၉၆၀ ကျော် တင်ပို့ ခဲ့ သည်။  တင်ပို့မှုများမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၄၂၆၀ ကျော်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန် သွယ်မှုမှ ရော်ဘာတန်ချိန် ၇၀ဝ တင်ပို့ခဲ့သည်။
ယခုတစ်ပတ် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၅၈၇၀ ခန့် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင် တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၂၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့သည်။ နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိ ကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၈၇၄ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၅၈၄၆၀ ကျော် တင်ပို့ကြောင်း သိရသည်။
တင်ပို့မှုအနေဖြင့်  ဗီယက်နမ်နိုင်ငံသို့  ပြောင်းတန်ချိန် ၅၂၅၁၀၊ မလေးရှားနိုင်ငံသို့ ပြောင်းတန်ချိန် ၈၅၇၊ ဖိလစ်ပိုင်နိုင်ငံ သို့ ပြောင်းတန်ချိန် ၁၂၂၄ နှင့် သီရိလင်္ကာနိုင်ငံသို့ ပြောင်းတန်ချိန် ၅၀ဝ နှင့် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၃၃၇၀ တင်ပို့ခဲ့သည်။
ယခုတစ်ပတ် မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှုမှ  အမေ ရိကန်ဒေါ်လာ  ၁ ဒသမ ၅၆၀ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၅၅၃၅ တင်ပို့ခဲ့သည်။ ပင်လယ်ရေကြောင်းနှင့်  နယ်စပ်ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၆၃၉၉၅ တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ် ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် ၁၁၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။ 
အေးအေးသန့် (DOT)