Main menu

Background

ယခုတစ်ပတ်အတွင်း နို့ဆီ၊ နို့မှုန့် တင်သွင်းမှုအခြေအနေ

Mon, 11/28/2022 - 15:09 -- journal_editor

နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၁ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၅၀ ကျော်  စင်ကာပူနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံး ကာလနှင့်နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၃၅၀ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။  
နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ၁၆၁  သန်း တန်ဖိုးရှိ နို့မှုန့်တန်ချိန် ၄၀ ခန့်အား   နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက နို့မှုန့် တန်ချိန် ၃၀ ကျော်   ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။    ယခုတစ်ပတ်အတွင်း နယ်စပ်မှ နို့ဆီ၊ နို့မှုန့်   တင်သွင်းမှု မရှိကြောင်း သိရသည်။                                                  

အိမ့်(DOT)