Main menu

Background

အောက်တိုဘာလတွင်  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၂၁၀ ကျော်  ဝင်ရောက်

Mon, 11/28/2022 - 15:15 -- journal_editor

ပြီးခဲ့သည့်   အောက်တိုဘာလအတွင်း  နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှုမှာ အမေရိ ကန်ဒေါ်လာ သန်း ၂၁၀ ကျော် ရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
သြဂုတ်နှင့်စက်တင်ဘာလများက စုစုပေါင်း အမေ ရိကန်ဒေါ်လာ ၂၀ ဒသမ ၆၃၅ သန်းသာ  ဝင်ရောက်ခဲ့ သဖြင့် အောက်တိုဘာလ FDI ဝင်ရောက်မှုမှာ အဆိုပါလ များထက် ဆယ်ဆကျော် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ၌ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် ကဏ္ဍမှာ စွမ်းအင်ကဏ္ဍတွင် ကန်ဒေါ်လာ   ၁၁၄ ဒသမ ၆ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင်  ကန်ဒေါ်လာ ၃၅ သန်း၊ သတ္တုကဏ္ဍတွင်   ကန်ဒေါ်လာ ၇ သန်းနှင့် စိုက်ပျိုးရေး ကဏ္ဍတွင် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း  ဝင်ရောက်ခဲ့ ကြောင်း သိရသည်။
ယင်းအပြင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရာ၌ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင်   ကန်ဒေါ်လာ ဝ ဒသမ ၈၀ဝ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကန်ဒေါ်လာ ၅၀ ဒသမ ၈၃၃ သန်း ဝင်ရောက်ခဲ့ကြောင်း သိရ သည်။
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း  ပြည်တွင်း သို့ ရင်းနှီးမြှုပ်နှံမှုများ   ဝင်ရောက်ရာတွင် ဧပြီလ၌ ကန် ဒေါ်လာ ၅ ဒသမ ၉၉၅ သန်း၊   မေလတွင် ကန်ဒေါ်လာ ၁၅ ဒသမ ၃၃၂ သန်း၊ ဇွန်လတွင် ကန်ဒေါ်လာ ၂၁ ဒသမ ၉၉၁ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ   ဇူလိုင်လတွင် ကန်ဒေါ်လာ ၁၂၂၀ ဒသမ  ၅၂၅ သန်း ဝင်ရောက်ထားပြီး အဆိုပါလတွင် စွမ်းအင်ကဏ္ဍသို့ ကန်ဒေါ်လာ ၇၀၂ ဒသမ ၄၀၃ သန်းနှင့် ဝန်ဆောင်မှုကဏ္ဍသို့   ကန်ဒေါ်လာ ၃၇၆ ဒသမ ဝ၆၈ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် သြဂုတ်လတွင် ကန်ဒေါ်လာ ၁၀ ဒသမ ၃၄၃ သန်း ဝင်ရောက်ခဲ့ပြီး   စက်တင်ဘာလတွင် ကန် ဒေါ်လာ ၁၀ ဒသမ ၂၉၂ သန်း ဝင်ရောက်ခဲ့သည့်အတွက် ခြောက်လအတွင်း စုစုပေါင်း FDI ဝင်ရောက်မှုမှာ ကန် ဒေါ်လာ ၁၂၈၄ ဒသမ ၄၇၈ သန်းဖြစ်ကြောင်း သိရသည်။
ပန်းဆု