Main menu

Background

နယ်စပ်ပို့ကုန်၊ သွင်းကုန် လိုင်စင်များ မြန်ဆန်စွာဆောင်ရွက်ပေးလျက်ရှိ

Mon, 03/01/2010 - 08:03 -- Anonymous (not verified)

  ဖိုးမှန်က မြန်မာ-တရုတ် မူဆယ်နယ်စပ်မှာ ပို့ကုန်၊ သွင်း ကုန် ဆောင်ရွက်နေတဲ့ ကုန်သည်တစ်ဦၤးပါ။ ဖိုးမှန်ကိုယ်တိုင် သစ်သီးဝလံများ တင်ပို့ပြီး ရရှိတဲ့ Export Earningနဲ့ သွင်းကုန်ပစ္စည်းတွေ တင်သွင်းနေတာပါ။ နယ်စပ်ကုန်သွယ်ရေး စပေါ်ကတည်းက လုပ်နေတာ အတော်ကြာနေခဲ့ပါပြီ။ နယ်စပ်ကုန်သွယ်ရေးဌာနက ဖိုးမှန်တို့လို နယ်စပ်ကုန်သည်တွေအကျိုးကို အမှန်တကယ် ကူညီဆောင်ရွက်ပေးနေတဲ့ဌာနတစ်ခုပါ။ နယ်စပ်ကုန်သွယ်ရေးဌာနရဲ့ ရည်ရွယ်ချက်ထဲမှာ ကိုက ကုန်သည်များ လုပ်သာ ကိုင်သာ ရှိရေးနှင့်ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုတဲ့ အချက်တွေပါရှိပြီးဖြစ်တာကိုတွေ့ရပါတယ်။   ရှင်းရှင်းပြောရရင်နယ်စပ်ကုန်သွယ် ရေးမှာ ပို့ကုန်၊သွင်းကုန် လိုင်စင်လျှောက်ရတာ အတော်လေးမြန်ဆန်တာ တွေ့ရပါ တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်ရဲ့ မူကိုက နယ်စပ်နေ ပြည်သူတွေ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ပြီး နယ်စပ်ကုန်သွယ် ရေးစခန်းတွေမှာ စခန်း အစီအစဉ်နဲ့ လိုင်စင်ခွင့်ပြုပေးတာတွေ ရှိသလို နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ သွင်းကုန်ဌာန (နေပြည်တော်)မှာ လိုင်စင် လျှောက်ထားရာမှာလည်း  ပို့ကုန်၊ သွင်းကုန် လုပ်ငန်း ညှိနှိုင်းအဖွဲ့နဲ့စိစစ်ပြီး ယနေ့လျှောက်မနက်ဖြန်လိုင်စင်ထုတ်ပေးတာတွေဆောင်ရွက်ပေးလျက်ရှိတာတွေ့ရပါတယ်။ဆိုလိုတာကတော့နယ်စပ်ကုန်သွယ် ရေးဦးစီးဌာနကနယ်စပ်ကုန်သည်များ လုပ်သာကိုင် သာရှိရေး အတွက် အတတ်နိုင်ဆုံး ဖြေလျှော့ပြီး ကုန်သွယ် မှုတွေ လျင်မြန် အောင် ကူညီဆောင်ရွက်ပေးနေတာ တွေ့ရှိရပါတယ်။    ကုန်ပစ္စည်း ဈေးနှုန်းအပိုင်းဆိုရင် နယ်စပ် ပြင်ပဈေး ကွက်ပေါက်ဈေးအတိုင်း ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဘာကြောင့် လည်းဆိုတော့ နယ်စပ်ကုန်သွယ်ရေး စခန်းတိုင်း မှာ  အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း One Stop Services (OSS)ဆိုတဲ့ ဌာနခြောက်ခုပါဝင်တဲ့ တာဝန်ရှိသူတွေနဲ့ နယ်စပ်ကုန် သည်အသင်း၊ ကုန်သည်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေး ပြီး နယ်စပ်မှာ ကူးသန်းရောင်းဝယ်နေတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကို လက်ရှိပြင်ပဈေးကွက်ပေါက်ဈေးနဲ့ စိစစ်ညှိနှိုင်း ပေးလျက်ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုစိစစ်ညှိနှိုင်းထားတဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေကို နယ်စပ်ကုန်သွယ်ရေး ဦးစီး ဌာနက အတည်ပြုပေးပြီး လုပ်ငန်းရှင်များ လွတ်လွတ်လပ်လပ် သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို ဈေးကွက် ပေါက်ဈေးအတိုင်း ခွင့်ပြုပေးနေ တာဖြစ်ပါတယ်။ဒီလို အခြေအနေမှန်ကို မသိဘဲနဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ ကုန်သည်တွေအကြား အထင်အမြင်ကွဲလွဲအောင် မဟုတ် ်မမှန် ချဲ့ထွင်ပြီး လိုင်စင်များကြန့်ကြာလို့ ကုန်သွယ်ရေးပဲ ကျဆင်း နေသလိုလို၊ ကုန်သည်တွေပဲ အခက်အခဲဖြစ်သလိုလိုမျိုး ကမ္ဘာ့ မီဒီယာနဲ့ အင်တာနက်သတင်းတချို့မှာ ဖော်ပြနေတာတွေကို တွေ့နေ ရတာကြောင့် ဖိုးမှန်တို့လို အမှန်တကယ် နယ်စပ်ကုန်သွယ် ရေးဆောင်ရွက်နေတဲ့ကုန်သည်တွေအနေနဲ့အဖြစ်မှန်ကိုကုန်သည်များအထင်အမြင်မမှားရအောင်ရေးသားလိုက်ရပါတယ်။                                ဖိုးမှန် (မူဆယ်)