Main menu

Background

Beer Chang တစ်ဖာ ၃၀၀ ကျပ်နှုန်းနဲ့ သယ်ဆောင်ခယူမိခဲ့တဲ့ယာဉ်မောင်းကို အရေးယူ

Tue, 09/02/2014 - 08:51 -- ydnar

 

သြဂုတ်လ ၂၀ ရက် ၂၀ း ၃၀ ချိန်မှာ သထုံမှ ပဲခူးသို့ မောင်းနှင် သွားသောToyota Succeedအမျိုး အစားအငှားယာဉ် BB/xxxx (YGN)အား ညောင်ခါးရှည် ယာယီအခြေပြုMobile Team လရ-၂ မှ ရပ်တန့် စစ်ဆေးရာမှာ ထိုင်းနိုင်ငံ ထုတBeer Chang 330 ml  (သံဗူး) ၈၀ဖာ အား စစ်ဆေးတွေ့ရှိရသဖြင့် တားဆီးသိမ်းဆည်းမှုပြုခဲ့ရတယ်လို့ သတင်း ရရှိပါ တယ်။

OSS အဖွဲ့မှညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီးနောက် ကန့်သတ်ပိတ်ပင်ထား သောကုန်ပစ္စည်းများကို သယ်ဆောင် လာခြင်းအတွက်ယာဉ်မောင်းအားပို့ကုန်သွင်းကုန်ဥပဒေ ၂၀၁၂ ဖြင့်လည်းကောင်း၊ကုန်စည်မှာလည်းတားမြစ် ပိတ်ပင် ထားသည့်ပစ္စည်းဖြစ်တဲ့အတွက်ကုန်စည်နဲ့ယာဉ်အားဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့အညီအရေးယူ ဆောင်ရွက် သွားရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ သိမ်းဆည်းရမိBeer Chang၈၀ ဖာ၏ ခန့်မှန်း တန်ဖိုးမှာ ကျပ် ၈၀၀၀၀၀ ဖြစ်ပြီး ွှToyota Succeed Van ကို ခန့်မှန်းတန်ဖိုးကျပ်သိန်း ၈၀ နဲ့တန်ဖိုးဖြတ်၍ အမှုတွဲများ ဖွင့်လှစ် ထားတယ်လို့ သတင်းရရှိပါတယ်။ ယာဉ်Beer Changဖာ များဖြစ်ကြောင်း၊ တစ်ဖာကို ၃၀၀ိ/- နှုန်းနဲ့သယ်ဆောင်ခရယူပြီး တင်လာ တာလို့သိရပါတယ်။ ဥပဒေနဲ့မညီတဲ့ပစ္စည်းကိုသယ်ယူပေးတဲ့အတွက်Taxi ရော ယာဉ်မောင်းပါအရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။ ဖမ်းဆီးအရေး ယူမှုများမစတင်မီပညာပေးကာလတစ်ခုသတ်မှတ်ဆောင်ရွက်ခဲ့သလိုကုန်သည်များ၊ခရီးသည်ယာဉ်လိုင်းများ၊ကုန်ကားများ မောင်းနှင်သူများ၊ တာဝန်ခံများကိုရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာအသိပညာပေးရှင်းလင်းမှုများလည်းပြုလုပ်ထားပြီးဖြစ်ပါတယ်။ကန့်သတ် ကုန်စည်များတင်ဆောင်ခြင်း၊ သယ်ယူခြင်းများ မပြုရန်အသိပေး ထားပြီး ဖြစ်သော်လည်း လိုက်နာမှုအားနည်းနေ ဆဲဖြစ် ပါတယ်။