Main menu

Background

ကုန်သွယ်ရေးစခန်းများမှ မေလအတွင်း ဆန်နဲ့ဆန်ကွဲ တန်ချိန် တစ်သိန်းခုနစ်သောင်းကျော် တင်ပို့

Fri, 06/15/2018 - 14:56 -- journal_editor

မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ  သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ၉ဒသမ၂၆၉သန်း တန်ဖိုးရှိ ဧည့်မထဆန်၊ ငစိန်ဆန်နဲ့ ကောက်ညှင်း ဆန်၂၆၃၁၇ တန်နီးပါး တင်ပို့ခဲ့ပါတယ်။  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧည့်မထဆန် တန်ချိန် ၂၁၁၁၀ နဲ့ကောက်ညှင်းဆန်  ၁၀၈ တန် ၊  ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှငစိန်ဆန် ၄၅ တန်နဲ့ ဧည့်မထဆန် ၃၄ တန် ၊လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ  ဧည့်မထဆန် ၄၇၅၃ တန် တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ   မောင်တောကုန်သွယ်ရေး စခန်းမှ ဧည့်မထဆန် ၂၆၇တန်ကျော် တင်ပို့ခဲ့ကြောင်း  သိရှိရ ပါတယ်။ ယခင်တစ်ပတ် ကုန်သွယ်ရေးစခန်းများမှ ၂၈၈၆၈ တန်ကျော်တင်ပို့ ခဲ့တဲ့အတွက်   ယခုတစ်ပတ် မှာ ၂၅၅၁ တန် လျော့နည်းခဲ့တာတွေ့ရပါတယ်။

မေ တစ်လလုံးအတွင်းမှာ   အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၅၅၇ သန်းတန်ဖိုးရှိ   ဆန် ၁၅၈၇၃၅ တန် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဧပြီလတင်ပို့မှုထက် ၈၀၈၅၄ တန် ပိုမိုတင်ပို့နိုင် ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှအမေရိကန်ဒေါ်လာ သုညဒသမ ၇၉၄ သန်း  တန်ဖိုးရှိ  ဆန်ကွဲ ၂၅၁၉ တန်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၂၇၄ သန်း တန်ဖိုး ရှိ  ဆန်ကွဲ ၈၇၃ တန်ကျော် တင်ပို့ခဲ့ရာ   စုစုပေါင်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ  ၁ ဒသမ ၀၆၈သန်းဖြစ်ပြီး    ဆန်ကွဲ ၃၃၉၂ တန်ကျော်ဖြစ်ပါတယ်။  ယခင်တစ်ပတ်  တင်ပို့မှုထက် ၄၇၅တန် ပိုမိုတင်ပို့ပြီး မေလအတွင်း တင်ပို့မှုမှာလည်း အမေ ရိကန်ဒေါ်လာ ၅ ဒသမ ၅၂၁ သန်းဖိုးနဲ့ တန်ချိန် ၁၈၂၉၀ ဖြစ်ပါတယ်။ အနီးစပ်ဆုံး ဧပြီလ တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ယခု လမှာ ၁၅၁၂၂တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါတယ်။မေလအတွင်း ဆန်နဲ့ဆန်ကွဲတင်ပို့မှုမှာ  အမေရိကန် ဒေါ်လာ ၆၂ ဒသမ ၀၇၈ သန်းနဲ့ တန်ချိန် ၁၇၇၀၂၅ ရှိပြီး ဧပြီလတင်ပို့မှုထက် ပိုမိုကြောင်း သိရှိရပါတယ်။

ယဉ်ယဉ်အေး