Main menu

Background

ကယားပြည်နယ်အတွင်း ဖြစ်ပေါ်နေသော စက်သုံးဆီစေျးနှုန်းအခြေအနေများ

Thu, 11/12/2020 - 15:25 -- journal_editor

ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း အရောင်းဝယ်ဖြစ်နေလျှက်ရှိသော စက်သုံးဆီ ဈေးနှုန်းမှာ ယခုလ ဒုတိယအပတ်တွင် ဒီဇယ်(ရိုးရိုး)တစ်ဂါလံလျှင် ကျပ်၂၃၀၀ ဈေးပေါက်ပြီး ယခင်လဒုတိယအပတ်နှင့်နှိုင်းယှဉ်ရပါက ပျှမ်းမျှ တစ်ဂါလံလျှင် ကျပ် ၁၀၀ နှုန်းဖြင့် ဈေးကျလျက်ရှိကြောင်း၊ ဓါတ်ဆီ(ရိုးရိုး)တစ်ဂါလံလျှင်ကျပ်၂၃၀၀ဈေးပေါက်ပြီး ယခင်လဒုတိယအပတ်နှင့် နှိုင်းယှဉ်ရပါက ပျှမ်းမျှတစ်ဂါလံလျှင်ကျပ်၃၀၀ နှုန်းဖြင့်ဈေးနှုန်း ကျဆင်းလျက်ရှိပါကြောင်း၊ ဒီဇယ်ပရီမီယမ် တစ်ဂါလံလျှင် ကျပ်၂၄၃၀ ဈေးပေါက်ပြီး ယခင်လဒုတိယအပတ်နှင့် နှိုင်းယှဉ်ရပါက ပျှမ်းမျှတစ်ဂါလံလျှင် ကျပ် ၃၀ နှုန်းဖြင့် ဈေးတက်ပါကြောင်း၊ ဓါတ်ဆီ(92) တစ်ဂါလံ လျှင်ကျပ်၂၃၃၀ ဈေးပေါက်ပြီး ယခင်လ ဒုတိယအပတ် နှင့်နှိုင်းယှဉ်ရပါက ဈေးနှုန်းတည်ငြိမ် နေလျက်ရှိပါကြောင်း ၊ ဓါတ်ဆီ (95)တစ်ဂါလံလျှင်ကျပ်၂၆၃၀ ဈေးပေါက်ပြီး ယခင်လဒုတိယ အပတ် နှင့်နှိုင်းယှဉ်ရပါကပျှမ်းမျှတစ်ဂါလံလျှင်ကျပ် ၁၃၇ နှုန်းဖြင့် ဈေးနှုန်း ကျဆင်းလျှက်ရှိပါ ကြောင်း ပြည်နယ်အတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။

အေးအေးမော်(ကယား)