Main menu

Background

နာမည်ကျော် သရုပ်ဆောင်၊ဒါရိုက်တာ မဲလ်ဂစ်ဆင်ရဲ့ နောက်ဆုံးလက်ရာ Edge of Darkness ရဲ့ ပွဲဦးထွက်လည်း Avatar ကို မကျော်နိုင်

Wed, 02/17/2010 - 13:30 -- Anonymous (not verified)

   ၁၉၉၅ ခုနှစ် အကောင်းဆုံးရုပ်ရှင် ဇာတ်ကားအော်စကာဆု ဆွတ်ခူးထားတဲ့ အင်္ဂလန်နဲ့ စကော့တလန်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရှေးခေတ်စစ်ကားကြီးဖြစ်တဲ့ Braveheart ရုပ်ရှင်ဇာတ်ကားနောက်ပိုင်း ရုပ်ရှင်လောကနဲ့ကင်းကွာ အဆက်ပြတ်နေတဲ့ နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး မဲလ်ဂစ် ဆင်ရဲ့ နောက်ဆုံးလက်ရာ Edge of Darkness ရုပ်ရှင်ဇာတ်ကားကို ဇန်န ဝါရီလ ၂၉ ရက်နေ့က မြောက်အမေရိ ကတစ်လွှား စတင်ရုံတင်လိုက်ရာမှာ ဝင်ငွေ ၁၇ ဒသမ ၁ သန်းနဲ့ ခုနစ်ပတ် ဆက်တိုက် အောင်ပွဲခံနေတဲ့ Avatar ရဲ့ဝင်ငွေ သန်း ၃ဝ ကို မကျော်နိုင်ဘဲ  Box Office ရဲ့ ဒုတိရနေရာကသာ လိုက်နေရတယ်လို့ သတင်းများမှာ ဖော်ပြကြပါတယ်။   Edge of Darkness ရုပ်ရှင်ဇာတ် ကားဟာ ၁၉၈၅ ခုနှစ်မှာ အင်္ဂလန်တစ် လွှား ထုတ်လွှင့်ခဲ့တဲ့  ရုပ်မြင်သံကြား ဇာတ်လမ်းတွဲကို အခြေခံပြီး အဆိုပါ နာမည်အတိုင်း ရုပ်ရှင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားမှာ မဲလ်ဂစ်ဆင်ကို ရဲစုံထောက်တစ် ယောက်အဖြစ် အပီအပြင် တွေ့မြင်ရှုစားကြရမှာ ဖြစ်ပါတယ်။