Main menu

Background

နိုင်ငံကြီးများတွင် သွားရောက်ပညာသင်လိုပါက ရွေးချယ်တတ်ရန်လို

Thu, 02/18/2010 - 03:43 -- Anonymous (not verified)

    အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ သြစတြေးလျနိုင်ငံများမှ ကျောင်းများကို ရွေးချယ်တက်ရောက်မည်ဆိုပါက ကျောင်း၏သက် တမ်းနှင့်ရာဇဝင် (Reputation)၊ ကျောင်း၏တည်နေရာ (Location)၊ ကျောင်း၏ ဝန်ဆောင်မှု (Facilities) ကျောင်းလခ  (study costs) နှင့် အလုပ်အကိုင် အခွင့်အရေး (Job Oppotunities) စသည့်အချက်များပေါ်မူတည်၍ ရွေးချယ်သင့်ကြောင်း နဝရတ် ပညာရေးစင်တာမှ ဒေါက်တာနေက ပြောကြားသည်။     `ဒီလိုနိုင်ငံကြီးတွေမှာ တက်မယ်ဆိုရင် ကျောင်းကိုရွေးချယ်တက်ဖို့ လိုပါတယ်။ ကျောင်းသက်တမ်း ဘယ်လောက်ရှိသလဲ၊ ကျောင်းရဲ့ရာဇဝင်နဲ့ အစိုးရပိုင်ကျောင်းကို ရွေးချယ်တက်ဖို့လိုပါတယ်။ နောက်တစ်ချက်က ကျောင်းရဲ့တည်နေရာပါ။ ကျောင်းရဲ့ တည်နေရာနဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် စက်ရုံ၊ အလုပ်ရုံပေါတဲ့မြို့မှာရှိတဲ့ကျောင်းကို ရွေးချယ်တတ်ဖို့လိုပါတယ်။ နောက်တစ်ခုက Facilities ပါ။ ဒီအပိုင်းမှာ သင်တဲ့ဆရာတွေက သင်ကြားမှုအပိုင်းမှာ ဘယ်လောက်တော်လဲ၊ ကျောင်းရဲ့ ပရိဘောဂ၊ နေရာထိုင်ခင်းနဲ့ ကွန်ပျူတာ တစ်ယောက်တစ်လုံး ပေးနိုင်တာလား၊ ဒါတွေကအစ လေ့လာဖို့လိုပါတယ်။ နောက်ဆုံး တစ်ချက်က ကျောင်းလခပါ။ ကျောင်းလခက အခုဆိုရင် စတာလင်ပေါင် ၇၅၀၀ ကနေ ၈၀၀၀ အထိရှိပါတယ်။ သေသေချာချာ စုံစမ်းပြီးမှ သွားသင့်ပါတယ်`ဟု ၎င်းမှပြောသည်။    အင်္ဂလန်နိုင်ငံရှိ နေထိုင်မှုစရိတ် (Living costs) ကို တစ်ဦးလျှင် လန်ဒန်တွင် စတာလင်ပေါင် ၈၀၀၊ လန်ဒန်မဟုတ်သော နေရာများတွင် ၆၀၀ ကုန်ကျ သည်ဟုဆိုသော်လည်း မြန်မာကျောင်းသားများအတွက်မူ လန်ဒန်တွင် စတာလင်ပေါင် ၅၀၀၊ လန်ဒန်မဟုတ်သောနေရာများတွင် ၃၀၀ ခန့်သာ ကုန်ကျကြောင်း သိရသည်။