Main menu

Background

နိုင်ငံခြားလုပ်သားအခွန်ကောက်ခံမှုကြောင့် စင်ကာပူစီးပွားရေးလုပ်ငန်းတို့စိုးရိမ်

Thu, 03/11/2010 - 05:11 -- Anonymous (not verified)

     ၂ဝ၁ဝ ပြည့်နှစ် စင်ကာပူဘတ်ဂျက်က မိမိတို့အတွက် အရေးတကြီးဖြစ်နေတဲ့ပြဿနာများကို ဖြေရှင်းမပေးနိုင်တဲ့ အတွက် အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတစ်ချို့က စိတ်ပျက်နေကြတယ်လို့ ပါလီမန်အမတ်အဖြစ် အမည် စာရင်း တင်သွင်းထားသူ စင်ကာပူတရုတ်ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းအဖွဲ့ ဥက္ကဌ တဲအိုဆီယောင်ဆန်းက ပြောကြား ပါတယ်။     နိုင်ငံခြားလုပ်သားကြီးထွားလာတာကို ထိန်းချုပ်တဲ့ကိစ္စကို စီးပွားရေးလုပ်ငန်းများက နားလည်သဘောပေါက်တာ မှန်ပေမဲ့ နိုင်ငံခြားလုပ်သားတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံတဲ့အတွက် ရေရှည်မှာ တစ်ချို့စက်မှုလုပ်ငန်းတွေရဲ့ကြီး ထွားမှုကို ပျက်စီးမှုဖြစ်စေနိုင်တယ်လို့သူက အကြံပြုပြောကြားပါတယ်။ ပြည်တွင်းလုပ်သားတွေ ပိုမိုပြီး ပညာတတ် မြောက်လာကြပြီဖြစ်တဲ့အတွက် သူတို့ကအဆင့်နိမ့်တဲ့ လုပ်ငန်းတွေ၊ လစာနည်းတဲ့လုပ်ငန်းတွေနဲ့ ပင်ပန်းတဲ့အလုပ်တွေ လုပ်ချင်စိတ်နည်းလာတယ်လို့ သူကပြောကြားပါတယ်။     စီးပွားရေးလုပ်ငန်းတွေက နိုင်ငံခြားလုပ်သားခန့်ထားမှုကို လျှော့ချလာမှာကို မစ္စတာတဲအိုက စိုးရိမ်နေပါတယ်။ အထူး သဖြင့် စင်ကာပူရဲ့ မွေးဖွားနှုန်းကျဆင်းနေတဲ့အတွက် နိုင်ငံခြားသားလုပ်သားတွေနေရာမှာ အစားထိုးဖို့ ပြည်တွင်း လုပ်သား အလုံအလောက်မရှိရင် လုပ်ငန်းလည်ပတ်မှုနဲ့ စီးပွားရေးတိုးတက်မှုကို ထိခိုက်နိုင်တယ်လို့ သူကပြောကြားပါတယ်။ နိုင်ငံခြားလုပ်သားကိုလိုအပ်နေတဲ့ စီးပွားရေးလုပ်ငန်းများအဖို့မှာ ပိုမိုမြင့်မားလာတဲ့အခွန်ကို ပေးဆောင်တာကလွဲပြီး တခြား နည်းလမ်းမရှိဘူးလို့ သူကပြောပါတယ်။ ဒီလိုဆိုရင် လုပ်ငန်းလည်ပတ်ရတဲ့ စရိတ်မြင့်တက်လာမှာဖြစ်လို့ ကုမ္ပဏီတွေ ကလည်း သူတို့ရဲ့ကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုတွေရဲ့ဈေးနှုန်းတွေကို တိုးမြှင့်ရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ သူက ပြောပါတယ်။     ကမ္ဘာ့ဈေးကွက်ကရလာတဲ့ အမှာစာသစ်တွေအတွက် လူအင်အားနဲ့ သယံဇာတတွေ ကုမ္ပဏီတွေမှာ အလုံအလောက် မရှိဘူးဆိုရင် သူတို့ရဲ့ဖောက်သည်တွေ ဆုံးရှုံးမယ်။ စီးပွားရေးအခွင့်အလမ်းတွေ လက်လွတ်မယ်လို့ မစ္စတာတဲအိုက ပြောပါ တယ်။ ဒီလိုဆိုရင် စင်ကာပူနိုင်ငံဟာ အကြီးမားဆုံးစိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။Source:CNA