Main menu

Background

နိုင်ငံခြားသားလုပ်သားများအပေါ် အခွန်အကောက်တိုးမြှင့်ဖို့ စင်ကာပူအစိုးရစီစဉ်

Wed, 02/10/2010 - 05:22 -- Anonymous (not verified)

   နိုင်ငံခြားသားလုပ်သားများ အပေါ်မှီခိုနေရမှုကို စင်ကာပူနိုင်ငံကင်းလွတ်စေနိုင်ဖို့အတွက် နိုင်ငံခြားသားလုပ်သားအပေါ်ကောက်ခံတဲ့ အခွန်ကိုတိုးမြှင့်သင့်တယ်လို့ စီးပွားရေးမဟာဗျူဟာရေးရာကော်မတီကထောက်ခံတင်ပြခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားလုပ်သား တွေအပေါ်မှီခိုနေရတဲ့ လုပ်ငန်းတွေကတော့ မိမိတို့ရဲ့ အကျိုးအမြတ်ကိုထိခိုက်စေနိုင်တယ်လို့ပြောကြပါတယ်။ စားသောက်ကုန် လုပ်ငန်းလိုလုပ်ငန်းမျိုးတွေအတွက် စင်ကာပူလုပ်သားများရှာဖွေရေးမှာ စိန်ခေါ်မှုအခက်အခဲတစ်ခုဖြစ်ပါတယ်။ အချို့ကုမ္ပဏီတွေက တော့ လူအင်အားလျှော့ချပြီး ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ဖို့အတွက် စက်ယန္တရားတွေကိုသုံးဖို့စီစဉ်နေပါပြီ။ ဒါကလည်း လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။   ''တိုးလာတဲ့အခွန်အခအတိုင်း ပေးရုံကလွဲလို့ ကျွန်တော်တို့ဘာမှမတတ်နိုင်ပါဘူး။ တစ်ခုရှိတာကတော့ ပင်လယ်ရပ်ခြားမှာသွားပြီး ကျွန်တော်တို့လုပ်ငန်းတွေကို ဖွင့်လှစ်ဖို့ပဲရှိပါတယ်။ ကျွန်တော်တို့ဆက်ပြီးရှင်သန်ချင်တယ်ဆိုတော့ ကုန်ကျစရိတ်ကို ထည့်တွက်ရ တော့မှာပါ'' လို့ ဂျူမိန်းဆာတာစဖက်ရှင်းလုပ်ငန်းရဲ့ အုပ်ချုပ်မှုဒါရိုက်တာကပြောပါတယ်။ Source: channelnewsasia.comဉာဏ်တင်