Main menu

Background

ယူနန်ပြည်နယ်ရှိ ကြီးမားသော အလားအလာရှိသည့် စီးပွားရေးကြီးသုံးခု

Wed, 05/10/2023 - 11:47 -- journal_editor

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ယူနန်ပြည်နယ်၏ (၁၃) ကြိမ်မြောက် ယူနန်ပြည်နယ် နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပထမအကြိမ် အစည်းအဝေးနှင့် (၁၄) ကြိမ်မြောက် ယူနန်ပြည်နယ် ပြည် သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေးတို့ကိုကျင်းပနိုင်ခဲ့သည်။ ၂၀၂၃ခုနှစ် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၏လုပ်ငန်းအစီရင်ခံ စာတွင် သယံဇာတအရင်းအမြစ်  စီးပွားရေး၊ နယ်စပ်ဂိတ်စီးပွား ရေးနှင့် စက်မှုဇုန်စီးပွားရေးဟူသော    စီးပွားရေးကြီးသုံးခုကို အကောင်းဆုံးဖြစ်အောင် အစွမ်းကုန်   ကြိုးပမ်းဆောင်ရွက်၍ ဒေသအသီးသီး၏ အာသာချက်များကို   ကောင်းစွာအသုံးချကာ သယံဇာတ အရင်းအမြစ်စီးပွားရေးကို အထူးအားကောင်းအောင် လုပ်ဆောင်မည်၊ နယ်စပ်ဂိတ်စီးပွားရေးကို အကောင်းဆုံးဖြစ်အောင် ရှင်သန်အောင် လုပ်ဆောင်သွားမည်၊ စက်မှုဇုန်စီးပွားရေး ကို ကြီးမားဖွံ့ဖြိုးအောင် လုပ်ဆောင်သွားမည်၊ ယူနန်၏ တည်နေရာ အားသာချက်၊ သယံဇာတအားသာချက်၊ ဖွံ့ဖြိုးရေး အားသာချက်အဖြစ်သို့ အသွင်ပြောင်းလဲသွားမည်ဟု ဖော်ပြထားသည်။
ယူနန်ပြည်နယ်သည် သယံဇာတအရင်းအမြစ်  ပြည်နယ်ကြီးတစ်ခု ဖြစ်သည့်အပြင် နယ်စပ်ဂိတ်တံခါးဖွင့်မှု၏ရှေ့တန်းစခန်း လည်းဖြစ်သောကြောင့် သယံဇာတအရင်းအမြစ်စီးပွားရေး၊ နယ်စပ်ဂိတ်စီးပွားရေး၊ စက်မှုဇုန်စီးပွားရေးတို့ကို ဖွံ့ဖြိုးအောင် လုပ်ဆောင် နိုင်ရန် အခြေခံများ၊ အခြေအနေများ၊  မျှော်မှန်းချက် များရှိပေသည်။ 

၁။ သယံဇာတအရင်းအမြစ် စီးပွားရေး
ယူနန်ပြည်နယ်သည် သယံဇာတအရင်းအမြစ် အားသာ ချက်ကို အပြည့်အဝအသုံးချ၍ ကုန်းပြင်မြင့်ဝိသေသဆောင်သော စိုက်ပျိုးရေးလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ကျန်းမာရေး၊ အပန်းဖြေ ခရီး သွားလုပ်ငန်း၊  ကုန်ကြမ်းသစ် တူးဖော်ရေးလုပ်ငန်း၊ ဇီဝဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းတို့ကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်၍ အစိမ်းရောင်စွမ်းအင်နှင့် အစိမ်းရောင်ထုတ်လုပ်မှု ပေါင်းစပ်ဖွံ့ဖြိုးရေးကို နက်ရှိုင်းစွာဆောင်ရွက်သွားမည်ဖြစ်သည်။ အသေးစိတ်အနေဖြင့်  ရာသီဥတုအမျိုးအစားစုံလင်ခြင်း၊ ထုတ်ကုန်အမျိုးအစားစုံလင်ခြင်း စသေ အားသာချက်များကို အသုံးချကာ ကုန်းပြင်မြင့် ဝိသေသဆောင်သော စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးရေးကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ 
သန့်ရှင်းသောစွမ်းအင်ကြွယ်ဝမှုအားသာချက်ကို အသုံးချကာ အစိမ်းရောင်စွမ်းအင်နှင့် အစိမ်းရောင်ထုတ်လုပ်မှုပေါင်းစပ် ဖွံ့ဖြိုးရေးကို နက်ရှိုင်းစွာဆောင်ရွက်သွားမည်။ သဘာဝပတ်ဝန်းကျင်၊ လူသားဆိုင်ရာပညာရပ်များနှင့် ဂေဟစနစ်  ဘက်စုံအားသာချက်များကို အသုံးချကာ ယဉ်ကျေးမှုနှင့်ကျန်းမာရေး အပန်း ဖြေ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို အရှိန်မြှင့်လုပ်ဆောင်သွားမည်။ သတ္တုသယံဇာတအရင်းအမြစြွ်ကယ်ဝမှု၊ အမျိုးအစားစုံလင်မှု အားသားချက်ကိုအသုံးချကာ ကုန်ကြမ်းသစ် တူးဖော်ရေးလုပ်ငန်းကို ဖွံ့ဖြိုးအောင် အရှိန်မြှင့်လုပ်ဆောင်သွားမည်။  ဇီဝအရင်းအမြစ်ကြွယ်ဝမှုနှင့် အရည်အချင်းရှိသော ပုဂ္ဂိုလ်များရှိခြင်း အားသာချက် ကိုအသုံးချကာ ဇီဝဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းဖွံ့ဖြိုးမှုကို အရှိန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်သည်။

ယူနန်ပြည်နယ်၏ နေရောင်ခြည်စွမ်းအင် ဓာတ်အားထုတ်လုပ်ရေး
ယူနန်ပြည်နယ် ချွီကျင့်မြို့ ကျန်းယိမြို့နယ်  လင်းကျောင်း ကျေးရွာအုပ်စု လျူကျားကျွမ်းကျေးရွာကော်မတီ၏ လူသူအရောက် အပေါက်နည်းသော တောင်ကုန်းတစ်နေရာတွင်  နေရောင်ခြည် အောက်၌ အလင်းဗို့တိတ်  ဆိုလာပြားများ အရောင်တဖိတ်ဖိတ် တောက်နေသည်။ ကျန်းယိမြို့နယ်သည် ကျိုးကျန်းမြစ်၏ မြစ်ဖျား ခံရာဒေသ၌ တည်ရှိပြီး နေရောင်ခြည် အရင်းအမြစ်ကြွယ်ဝသည်။ ယခုနှစ်များတွင် ကျန်းယိမြို့နယ်သည် မြို့နယ်ထဲရှိ လူသူအရောက် အပေါက်နည်းသော  တောင်များ၊ တောင်ကုန်များ၌ နေရောင်ခြည် အရင်းအမြစ်ကြွယ်ဝခြင်းကို အသုံးချကာ ဟွာနင်လျန်ချန်းမြစ် ကုမ္ပဏီကို ဖိတ်ခေါ်၍  အလင်းဗို့တိတ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံကို တည်ဆောက်ခဲ့သည်။ ၎င်းအပြင် ဆိုလာပြား ထောက်တိုင်များအောက်ဘက်ရှိ မြေလွတ်များတွင်လည်း ဟင်းသီးဟင်းရွက်ပင်များ၊ ထပ်တရာပန်းများစသည်တို့ကို စီးပွားဖြစ် စိုက် ပျိုးကြသည်။
အလင်းဗို့တိတ် လျှပ်စစ်ဓာတ်အားစက်ရုံ၏ ဇုန်နေရာ(၁)ရှိ ဆိုလာပြားများအောက်က မြေလွတ်ပေါ်တွင် ဧကပေါင်းမြောက်မြားစွာ စိုက်ပျိုးထားသော ထပ်တရာပန်းခင်းကြီးမှာ ရွှေရောင်ပန်းပင်လယ်ကြီး ဖြစ်နေသည်။ ကျေးရွာပြည်သူများမှာ ထပ်တရာ ပန်း များကိုခူး၍ အိတ်သွတ်ပြီးနောက်   အဝယ်ဒိုင်သို့ ပို့ဆောင်ရင်း မအားလပ်နိုင်ဘဲ ရှိနေကြသည်။
လျူကျားကျွမ်းကျေးရွာ၊ ကော်မတီခွိုက်ချီကျေးရွာ ဆပ်ကော်မတီမှ ကျန်းကျားဟုန်က ၎င်းတို့မိသားစုပိုင် မြေလွတ်များကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံအသုံးပြုခွင့် ၂၅နှစ် ငှားပေး ထားသည်။ ပထမ ငါးနှစ်တွင် မြေတစ်မူလျှင် တစ်နှစ်မြေငှားရမ်းခ ယွမ် ၇၅၀ ရရှိပြီး နောက်ပိုင်းငါးနှစ်တစ်ကြိမ် မြေငှားရမ်းခ တိုးမြှင့် နိုင်မည်ဖြစ်သည်။ 
၂၀၂၂ ခုနှစ်မှစ၍ ယူနန်ပြည်နယ်၏အစိမ်းရောင်စွမ်းအင် အားသာချက်မှာ မပြတ်အားကောင်းလာခဲ့သည်။ အစိမ်းရောင်စွမ်းအင်နှင့် အစိမ်းရောင်ထုတ်လုပ်မှု ပေါင်းစပ်ဖွံ့ဖြိုးရေးမှာ အရှိန်အဟုန်နှင့် အားကောင်းလျက်ရှိကာ  မိရိုးဖလာကုန်ထုတ်လုပ်ငန်းများအား ခိုင်မာစွာအဆင့် မြှင့်တင်ပေးလျက်ရှိသည်။ ဆန်းသစ်စ လုပ်ငန်းများကိုလည်း ဖွံ့ဖြိုးမှုအားကောင်းလာစေ၍ ယူနန်ပြည်နယ်၏ စက်မှုလုပ်ငန်းအရည်အသွေး မြှင့်ဖွံ့ဖြိုးရေးအတွက် ထိရောက် အားကောင်းစွာ အကျိုး ပြုလျက်ရှိပေသည်။

၂။ နယ်စပ်ဂိတ်စီးပွားရေး
ယူနန်ပြည်နယ်သည်  နယ်စပ်ဂိတ်  တည်ဆောက်မှုများ အကောင်အထည်ဖော်၍နယ်စပ်ဂိတ်လုပ်ဆောင်ချက်များ အဆင့် မြှင့်တင်ခြင်း၊ နယ်စပ်ဂိတ် စီးပွားရေးဖွံ့ဖြိုးမှု၊ နယ်စပ်ဂိတ်မြို့ တည် ဆောက်မှုတို့ကို တစ်စုတစ်စည်းတည်း  ဆောင်ရွက်ကာ သြဇာ သက်ရောက်မှုရှိသော အချက်အချာ  နယ်စပ်ဂိတ်များကို ဖန်တီး တည်ဆောက်မည်ဖြစ်သည်။ နယ်စပ်ဂိတ် အဓိကစက်မှုဇုန် တည် ဆောက်ရေးကိုအရှိန်မြှင့်လုပ်ဆောင်၍   ပြည်ပကုန်ထုတ်လုပ်မှု ကွင်းဆက်များ၊ လုပ်ငန်းများစက်မှုဇုန်တွင်  ဝင်ရောက်လုပ်ကိုင် နိုင်ရန် ဆွဲဆောင်သွားမည်ဖြစ်သည်။ နယ်စပ်ကုန်သွယ်မှုဖြင့် တင်သွင်းသည့် ကုန်ပစ္စည်းများဆိုက်ရောက်ပြီးနောက် အဆင့်မြှင့် ပြုပြင်ခြင်းကိုအားပေးကာ ဒေသဝိသေသဆောင်သော ဝန်ဆောင်မှု စီးပွားရေးအဖြစ် ဖွံ့ဖြိုးအောင်လုပ်ဆောင်ပြီး နယ်စပ်ဂိတ် စီးပွား ရေးကို “လမ်းကြောင်းစီးပွားရေး”အဖြစ်မှ   “ကုန်ထုတ်လုပ်ငန်း စီးပွားရေး”အဖြစ်သို့ အသွင်းပြောင်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ် သည်။

မောဟန်းနယ်စပ်ဂိတ်တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆန်းသစ်လာခြင်း
မောဟန်းနယ်စပ်ဂိတ်တွင် စမတ်ပိုးသတ်စက်ရုပ်က ရောဂါ ပိုး အန္တရာယ်ရှိသော နေရာများကို  နေ့စဉ်ပိုးသတ်ခြင်းလုပ်ငန်း  ဆောင်ရွက်ပေးသည်။ စမတ်စစ်ဆေးခွင့်ပြုခြင်းစနစ်သည် အပူ ချိန် တိုင်းတာခြင်း၊ သက်သေခံလက်မှတ် စစ်ဆေးခြင်း၊ယာဉ်နံပါတ် ပြားခွဲခြားခြင်းတို့ကို အလိုအလျောက်   လုပ်ဆောင်ပေးသည်။ ကုန်တင်ယာဉ်များ၊ ယာဉ်မောင်းများကို စစ်ဆေးခြင်းနှင့်ခွင့်ပြုခြင်း တို့ကို မူလတွင် ကြာချိန် ၈ မိနစ်မှ ၁၀ မိနစ်အထိရှိခဲ့ရာမှ ၄ မိနစ် အတွင်း အပြီးဆောင်ရွက်ပေးလာနိုင်ခဲ့သည်။ ဒစ်ဂျစ်တယ်ပလက် ဖောင်း အကူအညီဖြင့် နယ်စပ်ဂိတ်အခြေအနေကို ပိုမိုသိမြင်နိုင် ခြင်း၊ထိန်းချုပ်နိုင်ခြင်း၊နောက်ကြောင်းပြန်ခြေရာခံနိုင်ခြင်း စသည့် စနစ်များကိုအသုံးပြု၍ စီမံဆောင်ရွက်လာနိုင်ခဲ့သည်။  ကုမ္ပဏီ များအနေဖြင့်လည်း   အကောက်ခွန်ရှင်းလင်းခြင်းနှင့် ကုန်စည် စီးဆင်းမှု၏ တိုးတက်မှုအခြေအနေတို့ကို အချိန်မရွေး၊ နေရာမရွေး စစ်ဆေးလာနိုင်ခဲ့သည်။ 
အကယ်၍ ယာဉ်ပိတ်ဆို့ခြင်း၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက် ခြင်းစသည့် ထူးခြားဖြစ်စဉ်များ ရှိလာခဲ့ပါက AR  မြင်ကွင်းကျယ် မြင်နိုင်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းက အလိုအလျောက်သတိ ပေးလာသဖြင့် ဖြစ်ပွားသည့်နေရာတွင်    အရေးယူစီမံဆောင် ရွက်ပေးနိုင်မည်ဖြစ်သည်။ ဟွာဝေး၏ သက်ဆိုင်ရာ  နည်းပညာ တာဝန်ခံက “ စမတ်နယ်စပ်ဂိတ်စနစ်ကို စတင်အသုံးပြုလာခဲ့ပြီး နောက်ပိုင်းမောဟန်းနယ်စပ်ဂိတ်၏ ကုန်တင်ယာဉ် အကောက်ခွန် ရှင်းလင်းမှုပမာဏာမှာ တစ်ရက်လျှင် ယာဉ်အစီး ၃၆၀ မှ အစီး ၈၀ဝကျော်အထိ တိုးမြှင့်ဆောင်ရွက်ပေးလာနိုင်ခဲ့သဖြင့်အကောက် ခွန်ရှင်းလင်းမှုအား သိသိသာသာ မြှင့်တင်ပေးလာနိုင်ခဲ့ကြောင်း” ရှင်းပြခဲ့ပါသည်။ နယ်စပ်ဂိတ်စီမံဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးမှာလည်း  ပိုမိုလုံခြုံစိတ်ချ မြန်ဆန်လာ ခဲ့သည်။
ယခုနှစ်များတွင် ယူနန်ပြည်နယ်သည် စမတ်နယ်စပ်ဂိတ် တည်ဆောက်မှုဖြင့် နယ်စပ်ဂိတ်လုပ်ဆောင်ချက်၊ နယ်စပ်ဂိတ်မြို့၊ နယ်စပ်ဂိတ်စီးပွားရေး ပေါင်းစပ်ဖွံ့ဖြိုးမှုတို့ကို အရှိန်မြှင့်ဆောင်ရွက်လာနိုင်ခဲ့ပြီး တရုတ်ပြည်(ယူနန်) လွတ်လပ်သော ကုန်သွယ်မှု ရှေ့ပြေးစမ်းသပ်ဇုန် တယ်ဟုန်ဧရိယာ၌ “နယ်စပ်ဂိတ်တစ်ခုတည်းတွင် လမ်းကြောင်းများစွာပါဝင်သော စီမံခန့်ခွဲမှုစနစ်”ကို  တီထွင်ကျင့်သုံးလာနိုင်ခဲ့သည်။ ကူမင်း၊ မောဟန်း နယ်စပ်ဂိတ်တွင် “ဒေသ ရပ်ဝန်းနှင့် ပိုးလမ်းမ” သီးသန့် လမ်းကြောင်းခြောက်ခုကို အသစ် သတ်မှတ်ပေးရန် ဆောင်ရွက်လာနိုင်ခဲ့သည်။ထိုင်းနိုင်ငံမှတစ်ဆင့် တတိယနိုင်ငံသို့ သစ်သီးတင်ပို့ရန် နယ်စပ်ဂိတ်လေးခု  အသစ် ထပ်တိုးဖွင့်လှစ်နိုင်ခဲ့သည်။ နယ်စပ်ဖြတ်ကျော် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်ကို  စတင်အကောင်အထည်ဖော်၍ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အသားစားနွားများ တရုတ်ပြည်သို့ တင်သွင်းခွင့်ပြုလာနိုင်ခဲ့သည်။ “အင်တာနက် + နယ်စပ်ကုန်သွယ်မှု”  ကြီးကြပ်စီမံမှုပုံစံကို တီထွင်ကျင့်သုံး၍  “Bian Hu Tong” လက်ကိုင်ဖုန်း Application  ကိုအသုံးပြု နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

၃။ စက်မှုဇုန်စီးပွားရေး
ယူနန်ပြည်နယ်သည် နိုင်ငံတော်အဆင့် ဖွံ့ဖြိုးရေးဇုန် ၁၅ခု အား “ဇုန်တစ်ခုလုပ်ငန်းတစ်မျိုး”မူဖြင့် အရည်အသွေးမြှင့် ဖွံ့ဖြိုး အောင် လုပ်ဆောင်လျက်ရှိရာ အကောင်ဆုံးဖြစ်အောင်နှင့် ပိုမိုအားကောင်းလာအောင် နောက်တစ်ဆင့်မြှင့် ၍ ဆောင်ရွက်သွားမည်ဖြစ်သည်။ အန်းနင်၊ ကျောင်းယန်၊ ကျန်းယိ၊ လုဖုန်း၊ လူရှီး၊ယန် ဆန်း၊ ရှန်ယွင် ဟူသောပထမအသုတ် မြို့နယ်အဆင့် အဓိကဖွံ့ဖြိုးရေးဇုန် ခုနစ်ခုအား အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာအောင် အားပေး၍ ဘီလီယံရာ ချီ အဆင့်ရှိသော စက်မှုဇုန်များဖြစ်အောင် ဖန်တီးတည်ဆောက်သွားမည်ဖြစ်သည်။ အခွံမာသီး၊ ရာဘာ၊ ကော်ဖီ စသည့် အားသာချက်ရှိသောလုပ်ငန်းများကို ဗဟိုပြုကာ ဒေသဝိသေသဆောင်သော စက်မှုဇုန်ကို အဆင့်မြှင့်စီမံကိန်းချ၍ ဖန်တီး တည်ဆောက်သွားမည်ဖြစ်သည်။

စက်မှုဇုန်စီးပွားရေးယန္တယား
ကူမင်းစီးပွားရေးနည်းပညာဖွံ့ဖြိုးရေးဇုန်ရှိ Yunnei Power  ကုမ္ပဏီလီမိတက်၏ အလုပ်ရုံသည် ၂၀၂၂ ခုနှစ်အတွင်း အင်ဂျင်အလုံးရေ စုစုပေါင်းလေးသိန်းအထိ  ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ပြည်တွင်းမော်တော်ကားကုမ္ပဏီဖြစ်သော  အဆိုပါကုမ္ပဏီသည် ကူမင်းစီးပွားရေးနည်းပညာဖွံ့ဖြိုးရေးဇုန်၏   ထောက်ပံ့မှုဖြင့် တရုတ်နိုင်ငံ၏ ယာဉ်မှ စွန့်ထုတ်မှုစံနှုန်းအဆင့် (၆)နှင့် ကိုက်ညီ သောအင်ဂျင်များ စမ်းသပ်ထုတ်လုပ်ရေးကို အရှိန်မြှင့်ဆောင်ရွက်၍ ပြည်တွင်းဖြစ်ထုတ်ကုန်ဖြင့် အစားထိုးနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆင့်မြှင့်အင်ဂျင်များနေရာတွင် ပြည်ပကုန်အမှတ်တံဆိပ်များ အချိန်ကာလရှည်ကြာစွာနေရာယူ ထားသည့် အခြေအနေကိုပြောင်း လဲလာနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် တွင် ကုမ္ပဏီကပုံစံသစ် ဓာတ်ဆီအင်ဂျင်ကိုအောင်မြင်စွာ စမ်းသပ်တီထွင်လာနိုင်ခဲ့ပြီး အရေအတွက်အမြောက်အမြား ထုတ်လုပ်လာ နိုင်ခဲ့သဖြင့် ပြည်တွင်းရှိ လုပ်ငန်းသုံး မော်တော်ယာဉ်များအတွက် ရည်ရွယ်ထုတ်လုပ်သည့် ပထမဆုံးသော ဓာတ်ဆီအင်ဂျင်ဖြစ်လာခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ကူမင်းမြို့၏ ကုန်သွယ်ဘက်နိုင်ငံ(ဒေသ) အရေအတွက်မှာ ၁၈၉ ခုအထိ တိုးတက်လာခဲ့သည်။ တံခါးဖွင့် ကုန်သွယ်ရေးပလက်ဖောင်းမှာ အညွန့်တလူလူဖြင့် ဖွံ့ဖြိုးပွင့်လန်းလာခဲ့သည်။ Kunming Comprehensive Bonded Zone က “ တရုတ်-လာအိုရထားလမ်း + နယ်စပ်ဖြတ်ကျော် န-ခသာနမခန” နှင့် “တရုတ်-လာအိုရထားလမ်း + နယ်စပ်ဖြတ်ကျော် Cold-chain ” ဝန်ဆောင်မှုတို့ကို စတင်ဆောင်ရွက်ပေးလာနိုင်ခဲ့သည်။ 
လွတ်လပ်သော ကုန်သွယ်မှု ရှေ့ပြေးစမ်းသပ်ဇုန် ကူမင်းဧရိယာ၏ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်တာဝန် ၁၄၁ ခု စလုံးကို ၁၀ဝ ရာခိုင်နှုန်း အကောင်အထည်ဖော်ဆောင်နိုင်ခဲ့သည်။  တရုတ်-လာအိုမောဟန်း-မောတင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်မှာ အရှိန်အဟုန်ဖြင့် တိုးတက်သည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်။ 
အရင်းအနှီးများ ဖိတ်ခေါ်မှုတွင်လည်း ရလဒ်ကောင်းများရရှိခဲ့သည်။ “စွမ်းဆောင်သူ” အရင်းအနှီးဖိတ်ခေါ်ခြင်း၊ ကုန်ထုတ်လုပ်မှု ကွင်းဆက်အရင်းအနှီးဖိတ်ခေါ်ခြင်း၊ ထိမိတိကျသော အရင်းအနှီးဖိတ်ခေါ်ခြင်းတို့ကို ထဲထဲဝင်ဝင် နက်ရှိုင်းစွာ အကောင်အထည်ဖော်၍ “ဘီလီယံရာချီအဆင့် ပရောဂျက်ကြီး”ငါးခုကို ရယူလာနိုင်သည်။ အရေးကြီးသော ကုန်ထုတ်လုပ်ငန်းပရောဂျက်အသစ် ၂၆၉ ခုကို ဖိတ်ခေါ်လာနိုင်ခဲ့ပြီး ၎င်းတို့အထဲမှ ယွမ်သန်း ၁၀ဝ၀ အထက်ရှိသော ပရောဂျက် ၄၅ ခုပါဝင်သည်။
အရင်းအမြစ်။     ။ယူနန်ပြည်နယ် ပြည်သူ့အစိုးရသတင်းပြန်ကြားရေးဌာနမှ ထုတ်ဝေသည့် "မင်္ဂလာ" မဂ္ဂဇင်း

MOC(IR)