Main menu

Background

အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်မှုလျှော့ချနိုင်မည့်အစီအစဉ်ကို တရုတ်နိုင်ငံက ကမ်းလှမ်း

Thu, 05/24/2018 - 16:05 -- journal_editor

အမေရိကန် ကုန်ပစ္စည်းများကို ဝယ်ယူရန် အဆိုပြုထားသော အစီအစဉ် နှင့်  တရုတ်နိုင်ငံနှင့်   ကုန်သွယ်ရာတွင် အမေရိကန်ပြည်ထောင်စု၏ လိုငွေပြမှု ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ခန့်လျှော့ချရန် အခြား အစီအမံများကို  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား   တရုတ်နိုင်ငံက ကမ်းလှမ်းထားသည်ဟု အဆိုပြုချက် နှင့် နီးစပ်သူများက ပြောကြောင်း  ရိုက် တာသတင်းတွင် ဖော်ပြသည်။

ကမ္ဘာပေါ်တွင် စီးပွားရေးအရ အကြီးမားဆုံးနိုင်ငံ နှစ်ခုသည် အခွန် တိုးမြှင့်ကောက်ခံရန် အပြန်အလှန်ခြိမ်း ခြောက်လျက်ရှိရာ   အဆိုပါပြဿနာ ဖြေရှင်းရေးအတွက် ဝါရှင်တန်တွင် အမေရိကန်- တရုတ်  ကုန်သွယ်ရေး ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ပထမနှစ် ရက်အတွင်း တရုတ်နိုင်ငံ၏ ကမ်းလှမ်း ချက်   ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့ရာတွင် စုစုပေါင်းတန်ဖိုး  မည်မျှရှိ သည်ကို  လောလောဆယ်တွင် ရှင်း လင်းပြတ်သားစွာ သတ်မှတ်ထားခြင်း မရှိသေးပေ။

အကယ်၍ ထရမ့်က ကမ်းလှမ်း ချက်ကိုလက်ခံမည်ဆိုပါက အမေရိကန် လေယာဉ် တည်ဆောက်ရေးလုပ်ငန်း ဘိုးရင်းကုမ္ပဏီသည် အကျိုးခံစားခွင့် ရှိမည့်   လုပ်ငန်းတစ်ခုဖြစ်ကြောင်း သတင်းရပ်ကွက်တစ်ခုမှ ပြောသည်။ ဘိုးရင်းသည် အကြီးမားဆုံး ပို့ကုန်လုပ် ငန်းတစ်ခုဖြစ်ပြီး ကုမ္ပဏီမှ ထုတ်လုပ် သော စီးပွားရေးလုပ်ငန်းသုံး လေယာဉ် လေးပုံတစ်ပုံခန့်အား  တရုတ်နိုင်ငံသို့ ရောင်းချထားပြီးဖြစ်သည်။ ယခုကမ်း လှမ်းချက်  အစီအစဉ်သည်  လက်ရှိ ကောက်ခံလျက်ရှိသော တရုတ်နိုင်ငံ၏ အကောက်ခွန်များကို ပယ်ဖျက်ပေး ခြင်းဖြစ်ရာ   ယင်းတို့ထဲတွင် သစ်သီး၊ သစ်စေ့၊ ဝက်သားနှင့် ဝိုင်တို့အပါအဝင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ လေး ဘီလီယံဖိုးရှိ အမေရိကန်လယ်ယာထွက် ကုန်များ ပါဝင်သည်။

ခွင့်ပြုသော   အရေအတွက်မှာ ထရမ့်အစိုးရက လွန်ခဲ့သော ရက်သတ္တ ပတ်နှစ်ပတ်က  တရုတ်အရာရှိများထံ တင်ပြခဲ့ သော  အရေအတွက်နှင့် တူညီ သလောက်နီးပါး ဖြစ်သည်။ သို့ရာတွင် အမေရိကန်-တရုတ်ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ  ဘီလီယံ ၂၀၀ လျှော့ ချရေးကို ရေရှည်တည်တံ့အောင် ဆောင်ရွက်မည်ဆိုပါက ယခင်နှစ်က အမေရိကန်နိုင်ငံ၏     လိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ ၃၇၅ သန်းအထိ ရှိသည့်အတွက် အမေရိကန်-တရုတ် ကုန်သွယ်မှု အချိုးအစားကို ကြီးမားစွာ ပြောင်းလဲရန် လိုမည်ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုမှ တရုတ်နိုင်ငံသို့ အများဆုံး ပို့ကုန်များ မှာ လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်း သုံးပစ္စည်းများဖြစ်ပြီး    ယခင်နှစ်က  အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံဖိုး ရှိခဲ့သည်။ ပဲပုပ်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံဖိုးရှိသည်။ ထရမ့် သည်    တရုတ်ကိုယ်စားလှယ်   အဖွဲ့ ခေါင်းဆောင် ဒုတိယဝန်ကြီးချုပ် လျူ ဟီနှင့် မေ ၁၇ ရက်က တွေ့ဆုံခဲ့သည်။ သို့ရာတွင်   ထိုသို့တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်း  အိမ်ဖြူတော်မှ ကြေညာ ချက်ထုတ်ပြန် ခြင်း မရှိခဲ့ပေ။

အမေရိကန်  ပြည်ထောင်စု၏ ကန့်သတ်ချက်များကြောင့် တရုတ်ကုန် သွယ်ရေး ကိရိယာများ ထုတ်လုပ်သူ ဇက်တီအီး ကော်ပိုရေးရှင်း၏ လုပ်ငန်း များ ရပ်ဆိုင်းသလောက်ဖြစ်ခဲ့ရသည်။ ယင်းကန့်သတ်ချက်များကို ပြင်ဆင် ရေးမှာလည်း ဇက်တီအီးကုမ္ပဏီ လုပ် ငန်းများ ပြန်လည်လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးဖို့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကို အမိန့်ပေးထားပြီး ဖြစ်ကြောင်း  ထရမ့်ကတွစ်တာမှ တစ် ဆင့် ပြောသည်။