Main menu

Background

ဘရာဇီးငှက်ပျော တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလာ

Thu, 06/23/2022 - 16:23 -- journal_editor

ကလေးမြို့ လှိုင်သာယာအမှတ်(၁)ရပ်ကွက်ရှိ ဦးအောင်သန်းဦး၏လစ်လပ်နေသော မြေနေရာများတွင်တစ်ပိုင်တစ်နိုင် စိုက်ခင်းအဖြစ် ဘရာဇီးငှက်ပျောပင်များ  စိုက်ပျိုးထားကြောင်း  သိရှိရ သည်။ငှက်ပျောပင်ပေါက်များကို     မန္တလေးမှ မှာယူရပြီး   တစ်ပင်လျှင်  ကျပ် ၁၀ဝ၀ ပေးရ ကြောင်း၊ စိုက်ပျိုးရာတွင် တစ်ပေပတ်လည် ကျင်း တူး၍ ခုနစ်ပေခြား စိုက်ပျိုးရကြောင်း၊ ပထမဦးစွာ မြေအောင်း ပိုးသတ်ဆေး၊ အမြစ်ပွားဆေးရည်များ ထည့်ပြီးနောက် ကြက်ချေးတစ်ဆနှင့် ဖွဲပြာနှစ်ဆရောမွေပြီး ကျင်းထဲသို့ နှပ်ထားကာ ရေလောင်းပြီး နှစ်ရက်ကြာမှ ငှက်ပျောပင်ပေါက်များ စတင် စိုက်ပျိုးသည်။ ဘရာဇီးငှက်ပျောပင်သည်ရေကြိုက်သော် လည်း ရေဝပ်ခြင်းကို မကြိုက်နှစ်သက်၍ စိုက်ပျိုး ါစမှာ အပင်များ ပုပ်မသွားစေရန် အထူးဂရုစိုက် ပြီး စိုက်ပျိုးရကြောင်း၊ ရာသီဥတုပူလျှင်  တစ်လတစ်ကြိမ် ရေသွင်းစိုက်ပျိုးရကြောင်း၊ နေရောင် ခြည်ကို ကြိုက်နှစ်သက်သော  အပင်တစ်မျိုးဖြစ် ကြောင်း၊ မိမိကြက်ခြံမှ ထွက်ရှိသည့်  ကြက်ချေး များကိုလစဉ်အပင်များ ရှင်သန်ကြီးထွားရေး အတွက် သဘာဝမြေသြဇာသာ  အသုံးပြု၍ စိုက် ပျိုးကြောင်း၊ အခြားစိုက်ပျိုးသည့် ငှက်ပျောစိုက်ခင်း များထက် ဓာတုဆေးဝါးများ၊ မြေသြဇာများ ဝယ် ယူအသုံးပြုခြင်းမရှိသည့်အတွက်  ကုန်ကျ စရိတ်များ သက်သာကြောင်း သိရသည်။စတင်စိုက်ပျိုးသည်မှ ရှစ်လခန့်တွင် အသီး စတင်သီးပြီး သုံးပတ်ခန့်အကြာတွင် ချကြွေ်ခပေး ခြင်းအားဖြင့် အလုံးအရွယ်အစားနှင့်  အဖီးလှရန်အတွက် တစ်ခိုင်လျှင် ငှက်ပျောဖီး ၁၀  ဖီးသာထားရှိကာ ငှက်ပျောဖူးထိပ်မှ ခုတ်ချခြင်းအားဖြင့် အလုံးအရွယ်အစားလှပြီး အရင်းအဖီးတွင် အလုံး ရေ ၃၅ လုံးခန့်နှင့်   အဖျားအဖီးတွင်  ၁၆  လုံးခန့် တင်ကြောင်း အသီးသီးသည့် အပင်ဘေးတွင် ငှက် ပျောပင်သားတက်ပွားများ လျှင် ငှက် ပျောသီး အလုံးအရွယ်အစားကြီးထွားမှုကိုလျော့ကျစေ သည့်အတွက် သားတက်ပွားများကို   တူးပစ်ရ ကြောင်း၊ သားတက်ငှက်ပျောပင်များကို ဝယ်ယူ သူများရှိပါကတစ်ပင်လျှင် ကျပ် ၁၀ဝ၀  ဖြင့် ပြန်လည်ရောင်းချပေးကြောင်း သိရပါ သည်။မိမိကဲ့သို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလိုသူများ ရှိပါက ငှက်ပျောပင်ပေါက်များ ရောင်းချပေးနေပြီး စိုက်ပျိုးပုံအဆင့်ဆင့်အား  အခကြေးငွေ ရယူခြင်း မပြုဘဲ မိမိစိုက်ပျိုးသည် စိုက်ပျိုးနည်းပညာများ ကိုလည်း ဖြန့်ဝေပေးပြီး ဓာတုဆေးများ  အသုံးပြုမှု နည်းကာကုန်ကျစရိတ် သက်သာသည့် သဘာဝစိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးသင့်ပါကြောင်း ငှက် ပျောစိုက်ပျိုးသူ ဦးအောင်သန်းဦး၏ ပြောကြား ချက်အရသိရသည်။                

သိမ့်သိမ့်(ကလေး)