၂၀၂၁ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ လယ် ယာထွက်ကုန်ပစ္စည်းအမယ် ၂၆ မျိုးအတွက် ပြည်တွင်းဖူလုံမှုအချိုး (Self-Sufficiency Ratio-SSR)မှာ ၁၀ဝ ရာခိုင်နှုန်းကျော်သို့ စံချိန်တင် ရောက်ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ စာရင်းအင်း ဌာန(Department of Statistics Malaysia-DOSM)၏ ဖော်ပြချက်အရ သိရသည်။ DOSM က၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့်စာရင်းဇယားများ အရ မလေးရှားနိုင်ငံ၌ သစ်သီးဝလံ ၁၄ မျိုးအနက် ၁၀ မျိုးသည် ပြည်တွင်းဖူလုံမှုအချိုး ၁၀ဝ ရာခိုင် နှုန်းကျော်ရှိခဲ့ပြီး သစ်သီးဝလံများတွင် သင်္ဘောသီး ၁၄၆ ဒသမ ၉ ရာခိုင်နှုန်း၊ ဖရဲသီး ၁၃၉ ဒသမ ၅ ရာခိုင်နှုန်း၊ ပိန္နဲသီး ၁၁၀ ဒသမ၈ ရာခိုင်နှုန်းတို့ဖြင့် ပြည်တွင်းဖူလုံမှုအချိုးရှိခဲ့သည်။ သို့ရာတွင် မလေးရှားနိုင်ငံအနေဖြင့် ပြည် တွင်း သရက်သီး လိုအပ်ချက်ကို ပြည့်မီရေးအတွက် ပြည်တွင်း၌သရက်သီးစိုက်ပျိုးထုတ်လုပ်နိုင်မှုသည် ၂၀၂၀ ခုနှစ်တွင် ၂၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ
၂၀၂၁ခုနှစ်တွင် ၁၆ဒသမ၂ ရာခိုင်နှုန်းသို့ ကျဆင်း ခဲ့ပြီး ပြည်တွင်းဖူလုံမှုအချိုး အနိမ့်ဆုံးဖြစ်ခဲ့သည်။ အလားတူ မလေးရှားနိုင်ငံသည် ဟင်းသီး ဟင်းရွက်အမယ် ၁၀ မျိုးအနက် ခုနစ်မျိုးသည် ပြည်တွင်းဖူလုံမှုအချိုး ၁၀ဝ ရာခိုင်နှုန်းကျော်သို့ ရောက်ရှိခဲ့သည်ဟုဆိုသည်။ ဟင်းသီးဟင်းရွက် အမယ်များအနက် ခရမ်းချဉ်သီးမှာ ၁၁၈ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ပြည်တွင်းဖူလုံမှုအချိုး အမြင့်ဆုံး ဖြစ်ပြီး ငရုတ်သီးမှာ ၂၉ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ပြည်တွင်းဖူလုံမှု အချိုးအနိမ့်ဆုံးဖြစ်သည်။ အခြားလယ်ယာထွက်ကုန် သီးနှံများတွင် မလေးရှားနိုင်ငံ၏ ကြံသီးနှံ ပြည်တွင်းဖူလုံမှု အချိုး မှာ ၁၄၉ဒသမ၄ ရာခိုင်နှုန်း၊ ပီလောပီနံဖူလုံမှုအချိုး ၁၀ဝဒသမ၂ ရာခိုင်နှုန်း အသီးသီး ရှိခဲ့သည်။ မွေး မြူရေး ထွက်ကုန်များအနေဖြင့် ဘဲသား ၁၃၀ ဒသမ ၆ ရာခိုင်နှုန်းနှင့် ကြက်သား/ ကြက်ဥ ၁၁၄ ဒသမ၄ ရာခိုင်နှုန်းတို့ဖြင့် ပြည်တွင်းဖူလုံမှုအချိုး ရှိခဲ့သည်။DOSM ထုတ်ပြန်သည့်စာရင်းဇယားများ အရ မလေးရှားနိုင်ငံ၌ ငါးအမျိုးအစား ၁၃ မျိုးတွင် ရေချိုငါးခူ၊ကဏန်း၊ ငါးကွမ်းရှပ်(mackerel) ၊ ပုစွန်၊ ငါးနုသန်း(silver catfish) စသည့် ငါးအမျိုးအစား ငါးမျိုးအတွက် ပြည်တွင်းဖူလုံမှုအချိုး ၁၀ဝ ရာခိုင် နှုန်းကျော်ရှိခဲ့ကြောင်း သိရသည်။
ကျော်စိန်ဝင်း(MYANTRADE)
Background