Main menu

Background

ယူအေအီးနိုင်ငံနှင့် စွမ်းအင်ကဏ္ဍပူးပေါင်းရန် ဂျာမနီနိုင်ငံ စီစဉ်

Thu, 10/13/2022 - 13:30 -- journal_editor

ဂျာမနီနိုင်ငံဝန်ကြီးချုပ် Mr. Olaf Scholzသည် စက်တင်ဘာလနောက်ဆုံးအပတ်တွင်   ယူအေအီးနိုင်ငံသို့ သွားရောက်၍ LNG ဓာတ်ငွေ့  ဝယ်ယူရရှိနိုင် ရေးအတွက်တွေ့ဆုံဆွေးနွေးသဘောတူညီမှုများ ပြုလုပ်ခဲ့သည်။ ယူအေအီးနိုင်ငံ  Abu Dhabi မြို့တွင် ဝန်ကြီးချုပ် နှင့်ကိုယ်စားလှယ်အဖွဲ့သည် သမ္မတMr. Sheikh Mohammed bin Zayed Al Nahyanနှင့်တွေ့ဆုံ၍ ပင်လယ်ကွေ့ဒေသမှLNG ဓာတ်ငွေ့များ ဝယ်ယူရန် တွေ့ဆုံဆွေးနွေးခဲ့ပြီးယူအေအီးနိုင်ငံနှင့်  Energy Security Agreement  ပူးတွဲကြေငြာချက်လက်မှတ်ရေးထိုးခြင်းကို ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။ခရီးစဉ်အတွင်း ဂျာမန်စွမ်းအင်ကုမ္ပဏD RWE သည်လာမည့် ဒီဇင်ဘာလတွင်  ဟမ်းဘတ်မြို့အနီးရှိ Brunsbüttel LNG terminal သို့ တစ်ရက်လျှင် ဓာတ် ငွေ့ ၁၃၇၀ဝ၀ ကုဗမီတာ(0.95 billion kilowatt hours of electricity) ပို့ဆောင်ရန်  သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဆက်လက်၍RWE  ကုမ္ပဏီ သည် ၂၀၂၃ ခုနှစ်မှစ၍ နှစ်ကာလ ရှည် ဓာတ်ငွေ့ပေးဝေရေး သဘောတူညီမှု  စာချွန်လွှာတစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။  ဂျာမနီဝန်ကြီးချုပ်နှင့်အတူ ဂျာမန်စွမ်းအင်ကုမ္ပဏီအများအပြားလိုက်ပါခဲ့ကြောင်း သိရသည်။    ဂျာမနီနိုင်ငံအနေဖြင့်   စွမ်းအင်ရရှိရေး အရင်း အမြစ်များအတွက်တစ်နေရာတည်းကို  မှီခို အားထားနေခြင်းမျိုး မဖြစ်စေရန်   ရရှိနိုင်မည့်နေရာ မျိုးစုံကို  ရှာဖွေဆက်သွယ်ဆောင်ရွက်ထားရှိမှုကို အလေး ထားဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်   ပြန်လည် ပြည့်ဖြိုးမြဲ   စွမ်းအင်များကို အသုံးပြုထားသည့်ရရှိနိုင်မည့်    အရင်းအမြစ်များကို လည်း ရှာဖွေလျက်ရှိပြီး ပင်လယ်ကွေ့ဒေသမှ ရရှိနိုင် ရန်အတွက်လည်း မျှော်လင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
MOC(IR)