Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 01/10/2023 - 10:15 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် Thai Rice Exporter Association Website  ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၈ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၂ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိ ရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့်  လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၇ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၆ ဒေါ်လာဖြင့် လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၆ ဒေါ်လာဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
    ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၈ ဒေါ်လာဖြင့်  လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၈ ဒေါ်လာဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၃ ဒေါ်လာဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။ Thai Rice Exporter Association  တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများနှင့် ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးနှုန်းများ မြင့်တက်နေခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်းမှာ အနည်းငယ် ကျဆင်းခဲ့ကာ ပါကစ္စတန်နိုင်ငံတွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရသည်။
    ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ယခုတစ်ပတ်တွင် လည်း ဗီယက်နမ်နိုင်ငံ ဆန်ဈေးနှုန်းနှင့် ထိုင်းနိုင်ငံ ဆန်ဈေးနှုန်းသည် အမြင့်ဈေးတွင် ဆက်လက်ရှိနေကြောင်း သိရှိရသည်။ ပြည်ပဆန်တင်ပို့မှု အရှိန်ကောင်းနေခြင်းနှင့် အာဖရိကနိုင်ငံများမှ ဈေးချိုသည့် အိန္ဒိယဆန်ကို စိတ်ဝင်စားနေသော်လည်း အာရှနိုင်ငံများမှ ထိုင်းဆန်ကိုသာ အဝယ်လိုက်နေခြင်းများကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဘန်ကောက်ဆန်ကုန်သည်တစ်ဦး ၏ပြောကြားချက်အရ သိရှိရသည်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၉၁၆၅၀၆ ဒသမ ဝ၈၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၅ ဒသမ ၁၄၆ သန်း၊ ဆန်ကွဲ တန်ချိန် ၅၇၁၅၈၃ ဒသမ ၃၁၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၁၆၈ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၁၄၈၈၀၈၉ ဒသမ ၃၉၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၃၇ ဒသမ ၃၁၄ သန်း ရရှိထားပြီး၊ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၈၄၄၄၉၃ ဒသမ ၄၄၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၀၆ ဒသမ ၂၉၇ သန်း၊ ဆန်ကွဲ တန်ချိန် ၅၅၈၆၆၄ ဒသမ ၇၃၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၇၄ ဒသမ ဝ၈၀ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၄၀၃၁၅၈ ဒသမ ၁၇၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈၀ ဒသမ ၃၇၇ သန်းဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရသည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၇၂၀၁၂ ဒသမ ၆၃၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၈၄၉ သန်း၊ ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၁၂၉၁၈ ဒသမ ၅၈၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ဝ၈၈ သန်း ပိုမို တင်ပို့ခဲ့သည်ကို သိရှိရသည်။
    ယခင်နှစ်ကာလတူနှင့်  နှိုင်းယှဉ်ပါက  ဆန်တင်ပို့မှုတွင် တရုတ်၊ စပိန်၊ အီတလီ၊ ပိုလန်၊ ဘယ်လ်ဂျီယံနှင့် တိုဂို စသည့် နိုင်ငံများသို့ ပျမ်းမျှဆန်တန်ချိန် နှစ်သောင်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှ ဆန်တန်ချိန် လေးသောင်းကျော်၊ COTE D'IVOIRE နိုင်ငံမှ တန်ချိန် ခုနစ်သောင်းကျော်နှင့် ကင်မရွန်း နိုင်ငံမှ တန်ချိန် သုံးသောင်းကျော် သိသိသာသာ လျော့နည်းခဲ့ ကြောင်း တွေ့ရှိရသည်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ (ယာယီ)စာရင်းများအရ ကမ္ဘာ့ နိုင်ငံပေါင်း ၄၄ နိုင်ငံသို့ ဆန်တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်က တင်ပို့မှု မရှိခဲ့သည့် အင်ဒိုနီးရှား၊ တူရကီ၊ ဂရိ၊ UK ၊ အင်ဂိုလာ၊ Madagascar ၊  Slovakia ၊ လက်ဘနွန်၊ ဟန်ဂေရီ၊ Puerto Rico နှင့် အက်စ်တိုးနီး ယား စသည့်နိုင်ငံများသို့ ယခုဘဏ္ဍာနှစ်တွင် တင်ပို့မှု ရှိခဲ့ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ် အများ ဆုံး ဆန်ဖြူတန်ချိန် နှစ်သိန်းခွဲနှင့် ပေါင်းဆန် ငါးသောင်းတို့အား  G to G စာချုပ်အရ တင်ပို့ရောင်းချမည်ဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်(ယာယီ)ထိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၁၄၅၀၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၄၀၉ သန်း တင်ပို့နိုင်ခဲ့ပြီး တင်ပို့ရန်ကျန် ဆန်များအား သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
    မြန်မာ-တရုတ်  နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၄၀၈ ကျပ်နှုန်းရှိပြီး ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်အိတ်လျှင် ၄၂၀၂၄ ကျပ်မှ ၄၄၀၆၄ ကျပ် ကြားပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသ ဖြစ်သော မြဝတီမြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၈၂ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။
    တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၃၂၀ဝ ဖြင့် အမြင့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ပြည်နှင့်  ပုသိမ်မြို့တို့တွင် ဧည့်မထဆန်သစ် တစ်ပြည်လျှင် ကျပ် ၁၈၀ဝ နှင့် မော်လမြိုင်မြို့ တွင် ဧည့်မထဆန်သစ် တစ်ပြည်လျှင် ကျပ် ၁၆၅၀ ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
    Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၂၅ ရာခိုင်နှုန်း ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် နိုင်ငံ တကာ ဆန်ဈေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/ အကျ  ပြောင်းလဲမှုများ  ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်သည်။