Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 01/20/2023 - 09:33 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဇန်နဝါရီ  ၉ ရက်တွင်Thai Rice Exporter Association Website  ၌ ဖော်ပြချက်အရ ပါကစ္စတန်ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၈ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၂၂  ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၇ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၆ ဒေါ်လာဖြင့် လည်း ကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၆ ဒေါ်လာဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၈ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၈ ဒေါ်လာဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၃ ဒေါ်လာ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀ဝ %) ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်း များ၊ ဗီယက်နမ်၊ အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဆန်ဈေးနှုန်း မှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရသည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၆ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၉၉၃၂၃၉ ဒသမ ၈၃၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၆ ဒသမ ၆၄၈ သန်း၊  ဆန်ကွဲ တန်ချိန် ၆၀၆၅၂၇ ဒသမ ၁၁၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၄ ဒသမ ၉၂၁ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၅၉၉၇၆၆ ဒသမ ၉၄၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၈၁ ဒသမ ၅၆၉ သန်း ရရှိထားပြီး ယခင်နှစ်ကာလ တူတွင် ဆန်တန်ချိန် ၈၉၀၃၉၁ ဒသမ ၇၀၈ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃၂၁ ဒသမ ၅၇၆ သန်း၊ ဆန်ကွဲတန်ချိန် ၅၈၄၅၈၂ ဒသမ ၇၃၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၂ ဒသမ ၁၂၁ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၄၇၄၉၇၄ ဒသမ ၄၃၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၃ ဒသမ ၆၉၇ သန်းဖြစ်ကြောင်း ကုန်သွယ်မှု စာရင်းများအရ သိရှိရ သည်။ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၀၂၈၄၈ ဒသမ ၁၂၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၅ ဒသမ ဝ၇၂ သန်း၊ ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၂၁၉၄၄ ဒသမ ၃၈၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၈၀ဝ သန်း ပိုမို တင်ပို့ခဲ့သည်ကို သိရှိရသည်။ 
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၆ ရက် အထိ (ယာယီ) စာရင်းများအရ မြန်မာ့ဆန်ကို ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင် နိုင်ငံတို့ကို ဒုတိယနှင့် တတိယအများ ဆုံးတင်ပို့ထားပြီး အီတလီ၊ စပိန်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ပြင်သစ်အပါအဝင် ဥရောပအဖွဲ့ဝင်နိုင်ငံများသို့လည်း တင်ပို့ခဲ့ကြောင်း သိရှိရသည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တင်ပို့မှုတွင် တရုတ်၊ စပိန်၊ ပိုလန်၊ ဘယ်လ်ဂျီယံနှင့် တိုဂို စသည့် နိုင်ငံများသို့ ပျမ်းမျှ ဆန်တန်ချိန် နှစ်သောင်းကျော် ပိုမို တင်ပို့နိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှ ဆန်တန်ချိန် သုံးသောင်းကျော်၊ COTE  D'IVOIRE  နိုင်ငံမှ တန်ချိန်   ရှစ်သောင်းကျော်နှင့် ကင်မရွန်းနိုင်ငံမှ တန်ချိန်လေးသောင်းကျော် သိသိသာသာ လျော့နည်းခဲ့ကြောင်းတွေ့ရှိရသည်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၆ ရက်အထိ (ယာယီ)စာရင်းများအရ ယခင်နှစ်က တင်ပို့မှုမရှိခဲ့သည့် အင်ဒိုနီးရှား၊ တူရကီ၊ ဂရိ၊ ယူကေ၊ အင်ဂိုလာ၊ မဒါဂတ်စတာ၊ လက်ဘနွန်၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ မာတိုရီကိုနှင့် အက်စ်တိုးနီးယား စသည့်နိုင်ငံများသို့ ယခုဘဏ္ဍာနှစ်တွင် တင်ပို့မှုရှိခဲ့ကြောင်း တွေ့ရှိရသည်။
မြန်မာ-တရုတ်  နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ အရ ပြင်ပငွေလဲနှုန်း  တစ်ယွမ်လျှင် ၄၂၂ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်အိတ်လျှင် ၄၃၄၆၆ ကျပ်မှ ၄၅၅၇၆ ကျပ်ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ် ဒေသဖြစ်သော မြဝတီမြို့၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၈၅ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် လွိုင်ကော်မြို့တွင် ၂၉၅၀ ကျပ်ဖြင့် အမြင့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး မော်လမြိုင်မြို့တွင် ဧည့်မထ ဆန်သစ် တစ်ပြည်လျှင် ၁၆၅၀ ကျပ်ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
Trading Economics Website တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက သုည ဒသမ ၅၅ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ  ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်း လဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။