Main menu

Background

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန္ဒိယနိုင်ငံထံမှ ပြုတ်ဆန်တန်ချိန် နှစ်သိန်းခွဲကို ဈေးနှုန်းပိုပေးဝယ်ယူမည်

Mon, 01/30/2023 - 15:39 -- journal_editor

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစိုးရအချင်းချင်း သဘောတူညီချက်အရ ပြုတ်ဆန်တန်ချိန်  နှစ်သိန်းခွဲကို ဝယ်ယူရန် အိန္ဒိယ သမဝါယမများအား  ကမ်းလှမ်းထားသည်။  တစ်ကမ္ဘာလုံးမှ သွင်း ကုန်တင်ဒါတွင် ပုဂ္ဂလိကကုန်သွယ်မှုက ကိုးကားထားသော ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကမ်းလှမ်းထားသော ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀ ကျော် ပိုမိုနေသည်ဟုသိရသည်။ ဒါကာမြို့ရှိ National Cooperative Consumers Federation (NCCF)  နှင့် Kendriya Bhandar   တို့မှ တစ်ဆင့်သွင်းကုန်  သဘောတူညီချက်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း   မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အစိုးရအချင်းချင်းသဘောတူညီချက်အရ အိန္ဒိယရှိ သမဝါယမ အဖွဲ့အစည်းနှစ်ရပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်း တင်ပို့မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်းရှိ ပုဂ္ဂလိက ကုန်သည် များထံမှ နောက်ထပ် တန်ချိန်ငါးသောင်းကို ဝယ်ယူသွားမည်ဖြစ် သည်။ ၎င်း G2G သဘောတူညီချက်မှာ ပုဂ္ဂလိကကုန်သည်များ၏ တင်ဒါ ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်ကို တွေ့ရ သည်။
အမည်မဖော်လိုသော ပို့ကုန်တင်ပို့သူတစ်ဦး၏ ပြောကြားချက်အရ  သမဝါယမနှစ်ခုသည်  ပုဂ္ဂလိကကုန်သွယ်မှုထက် တစ်တန်လျှင် ဒေါ်လာ ၄၀ ပိုမိုရရှိလိမ့်မည်ဖြစ်ပြီး အစိုးရအတွက် ကြီးမားသော အမြတ်အစွန်းဖြစ်ကြောင်း၊   ပြိုင်ဆိုင်မှုပြင်းထန်သော ပုဂ္ဂလိက  ကုန်သွယ်မှုတွင်မူ အချင်းချင်း အပြိုင်အဆိုင်များ များလွန်းနေသဖြင့် အရှုံးပေါ်နေကြောင်း သိရသည်။
 နယူးဒေလီအခြေစိုက် Kendriya Bhandar (ဗဟိုအစိုးရ ဝန်ထမ်း စားသုံးသူသမဝါယမအသင်း) က ဘာစမာတီမဟုတ်သော ပြုတ်ဆန် တန်ချိန်တစ်သိန်းကို တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃၃ ဒသမ ၅၀ ဖြင့်  letter of credit (L/C)  ဖွင့်သည့်နေ့မှ ရက်ပေါင်း ၇၅ ရက်အတွင်း သင်္ဘောဖြင့် ၇၀ ရာခိုင်နှုန်း၊ ရထား ဖြင့် ၃၀ ရာခိုင်နှုန်း တင်ပို့သွားမည် ဖြစ်သည်။ 
အိန္ဒိယနိုင်ငံ၏ National  Cooperative  Consumers Federation ကလည်း နောက်ထပ်ပြုတ်ဆန်တန်ချိန် တစ်သိန်းကို တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၄၃၃ ဒသမ ၆၀ ဒေါ်လာဖြင့် letter of credit (L / C) ဖွင့်သည့်နေ့မှ ရက်ပေါင်း ၇၀ အတွင်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ရင်းမြစ်။https://dailytimes.com.pk/1055818/india-bangladesh- myanmar-paddy-diplomacy/(26-1-2023)
ဒေါက်တာရွှေစင်ကို