Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Wed, 02/01/2023 - 16:20 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဇန်နဝါရီ  ၂၃ရက်တွင်Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၆၂ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိ ရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၃၈ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင်  အမေရိကန် ဒေါ်လာ ၅၂၃ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင် နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၁ ဒေါ်လာဖြင့် လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၃ ဒေါ်လာဖြင့်လည်းကောင်း  အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၂ ဒေါ်လာဖြင့်  လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၄၂ ဒေါ်လာဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၂ ဒေါ်လာဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။Thai Rice Exporter Association တွင် ဖော်ပြချက် အရ ယခုတစ်ပတ် တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်း များမှာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရ သည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန် နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၀၆၃၉၀၁ ဒသမ ၆၈၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၆ ဒသမ ဝ၇၈ သန်း၊ ဆန်ကွဲ တန်ချိန် ၆၆၃၄၄၂ ဒသမ ၇၆၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၅ ဒသမ ၈၀၃ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၇၂၇၃၄၄ ဒသမ ၄၄၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ပေါင်း  ၆၃၁ ဒသမ ၈၈၁ သန်း ရရှိထားပြီး ယခင်နှစ်ကာလ တူတွင် ဆန်တန်ချိန် ၁၀၃၉၉၉၂  ဒသမ ၇၀၃ တန်၊ တန်ဖိုး အမေ ရိကန် ဒေါ်လာ ၃၇၀ ဒသမ ၂၀၃ သန်း၊ ဆန်ကွဲ တန်ချိန် ၆၂၀၈၇၄ ဒသမ ၄၈၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ  ၁၉၂ ဒသမ ၉၄၄ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၆၆၀၈၆၇ ဒသမ ၁၈၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၃ ဒသမ ၁၄၇ သန်းဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရ သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၃၉၀၈ ဒသမ ၉၈၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၈၇၅ သန်း၊ ဆန်ကွဲတင်ပို့မှုအနေဖြင့်  ဆန်ကွဲတန်ချိန် ၄၂၅၆၈ ဒသမ ၂၈၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၈၅၉ သန်း ပိုမိုတင်ပို့ခဲ့သည်ကို သိရှိရသည်။ 
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက် အထိ (ယာယီ) စာရင်းများအရ မြန်မာ့ဆန်ကို ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို ဒုတိယနှင့် တတိယအများ ဆုံး  တင်ပို့ထားပြီး  အီတလီ၊ စပိန်၊ ခရိုအေးရှား၊ ဂရိ၊ ဂျာမနီ၊ နယ်သာလန်နှင့် ပြင်သစ်အပါအဝင် ဥရောပအဖွဲ့ဝင် နိုင်ငံများဆီ သို့လည်း တင်ပို့ခဲ့ကြောင်း သိရှိရသည်။  ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တင်ပို့မှုတွင် တရုတ်၊ စပိန်၊ အီတလီ၊ ဘယ်လ် ဂျီယံနှင့် တိုဂို စသည့်နိုင်ငံများသို့ ပျမ်းမျှ ဆန်တန်ချိန် နှစ်သောင်း ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှ ဆန်တန်ချိန် သုံးသောင်း ကျော်၊ COTE  D'IVOIRE နိုင်ငံမှ တန်ချိန် တစ်သိန်းကျော်နှင့် ကင်မရွန်းနိုင်ငံမှ တန်ချိန် ငါးသောင်းကျော် သိသိသာသာ တင်ပို့မှု  လျော့နည်းခဲ့ကြောင်း   တွေ့ရှိရသည်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ (ယာယီ)စာရင်း များအရ ယခင်နှစ်က တင်ပို့မှုမရှိခဲ့သည့်  အင်ဒိုနီးရှား၊ တူရကီ၊ ဂရိ၊ ယူကေ၊ မာဒါဂါစကာ၊ လက်ဘနွန်၊ ဆလိုဗက်ကီးယား၊ ပွာတို ရီကိုနှင့် အက်စ်တိုးနီးယား စသည့်နိုင်ငံများသို့  ယခုဘဏ္ဍာနှစ် တွင် တင်ပို့မှုရှိခဲ့ကြောင်း တွေ့ရှိရသည်။
မြန်မာ-တရုတ်  နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ အရ ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၄၂၀ ကျပ်နှုန်းရှိပြီး ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်အိတ်လျှင် ၄၃၂၆၀ ကျပ်မှ ၄၅၃၆၀ ကျပ် ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ် ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၈၇ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို  လေ့လာကြည့်ပါက ဧည့်မထဆန်  တစ်ပြည်လျှင်  လွိုင်ကော်မြို့တွင် ၃၄၀ဝ ကျပ်ဖြင့် အမြင့်ဆုံး ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး မော်လမြိုင်မြို့တွင် ဧည့်မထဆန် သစ် တစ်ပြည်လျှင် ၁၇၀ဝ ကျပ်ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများဖြစ် ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
Trading Economics Website​ေ တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ၁ ဒသမ ၄၀ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွင် နိုင်ငံ တကာ ဆန်ဈေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများရှိသကဲ့ သို့ မြန်မာနိုင်ငံတွင်လည်း  ဆန်ဈေးနှုန်းများ  အတက်/အကျ ပြောင်းလဲမှုများ   ဖြစ်ပေါ်နေသည်ကို  လေ့လာသုံးသပ် တင်ပြအပ်ပါသည်။