Main menu

Background

သရက်သီး လှိုင်လှိုင်ကြီး တင်ပို့သွားကြပါစို့

Fri, 05/16/2014 - 08:30 -- ydnar

 

ရာသီသီးနှံများတိုးမြှင့်ထုတ်လုပ် တင်ပို့လျက်ရှိရာ ရာသီစာသရက်သီး ပေါ် ချိန်မှာတော့ နယ်စပ်ကုန်သွယ်ရေး နည်း လမ်းနဲ့ တစ်ဖက်နိုင်ငံကို သရက်သီး ပိုမို တင်ပို့နေတာကို တွေ့ရပါတယ်။
တင်ပို့မှုကိုကြည့်မယ် ဆိုရင်တော့ တရုတ်နိုင်ငံသို့ မူဆယ် ၁၀၅မိုင် ကုန် သွယ် ရေးဇုန်မှတစ်ဆင့် မိမိနိုင်ငံထွက် စိန်တလုံးသရက်သီးများကို အများဆုံး တင်ပို့နေပါတယ်။

သြင်္ကန်ကာလအပြီး ယခင်အပတ် ၂၃-၄-၂၀၁၄ မှ ၂၉-၄-၂၀၁၄ ရက်နေ့ထိ တင်ပို့မှုမှာ သရက် သီးကား ၃၀၄ စီးဖြင့် သရက်သီး ၁၈၅၁ တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၆၂၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။
ယခုအပတ် ၃၀-၄-၂၀၁၄ မှ ၆-၅-၂၀၁၄ ထိမှာတော့ သရက်သီးကား ၅၅၅ စီး ကုန်စည်ဒိုင်သို့ အဝင်ရှိခဲ့ပြီး ၃၁၆၅ တန်၊ တန်ဖိုးမှာအမေရိကန် ဒေါ်လာ ၁ ဒသမ ၀၇၆သန်းဖိုးတင်ပို့ နိုင်ခဲ့တဲ့အတွက်ယခင်အပတ်ထက်  ၁၃၁၄ တန်၊ တန်ဖိုး အနေဖြင့် အမေရိ ကန်ဒေါ်လာ သုည ဒသမ ၄၄၇ ဒေါ် လာသန်း ပိုမိုတင်ပို့ နိုင်ခဲ့တာကို တွေ့ရှိ ရပါတယ်။
ယခင်နှစ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက-
ယခင်နှစ်၂၀၁၃-၂၀၁၄ဘဏ္ဍာ နစ်တွင်သရက်သီးတင်ပို့မှုမှာတန်ချိန် ၃၂၃၀၆ ဒသမ ၅၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ် လာ ၁၀ ဒသမ ၇၂၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။
ယခင်နှစ် ၂၀၁၃ ခုနှစ်၊ ဧပြီလ တင်ပို့မှုမှာ တန်ချိန် ၃၀၃၁၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ သုည  ဒသမ ၇၉၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး၊ ယခုနှစ် ဧပြီလမှာတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ သရက်သီး ၃၄၄၇ တန်၊ တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၁၇၂ သန်းဖိုး တင်ပို့ခဲ့တာကြောင့်ယခင်နှစ်နဲ့  နှိုင်းယှဉ် ပါက ၄၁၆ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ သုည  ဒသမ ၃၇၉ သန်းဖိုးပိုမို တင်ပို့နိုင်ခဲ့ပါတယ်။
သရက်သီးတင်ပို့မှုနည်းစနစ်-
သရက်သီးတင်ပို့မှု နည်းစနစ် ကတော့ သရက်သီးတွေကို ပလတ်စ တစ်ခြင်း(သို့မဟုတ်)ကတ်ထူဖာများဖြင့် တင်ပို့ကြပါ တယ်။ တစ်ခြင်း/တစ်ဖာ မှာ သရက်သီး ၁၅ ကီလိုခန့်ပါဝင်ပြီး အလုံးအကြီးအသေးအလိုက် အလုံး ၄၀ ခန့်ပါဝင်ပါတယ်။
သရက်သီးသယ်တဲ့အခါမှာအများ အားဖြင့် Light Truck ကားများနဲ့ သယ်ယူကြပြီး သုံးတန် ကားတစ်စီး မှာ သရက်သီးခြင်း၊၂၀၀ခန့် သယ်ဆောင် ပြီး ၇ ဒသမ ၅ တန်ဆန့်ခြောက်ဘီးကား မှာတော့ သရက်သီးခြင်း ၅၀၀ ခန့်၊ ၁၀ ဒသမ ၅ တန် / ၁၂ တန် ဆန့် ၁၂ ဘီးကားမှာတော့ သရက်သီးဖာ/ ခြင်း ၇၀၀-၈၀၀ ခန့် သယ်ဆောင်နေ ကြ ပါတယ်။
သရက်သီးသယ်ယူပို့ဆောင်ခ

 

သရက်သီး သယ်ယူပို့ဆောင်မှု အတွက် ကားခအနေနဲ့ မန္တလေး-အမရ ပူရ-အုန်းချော-ပလိပ်-သပြေရိုး ဒေသမှ သရက်သီး တစ်ခြင်း/တစ်ဖာလျှင် ၁၂၀၀ ကျပ်နှုန်း ပေးချေရပါတယ်။ ဒါ့အပြင် ကျောက်ဆည်မြို့အနီး ဟန်မြင့်မိုရ်မှမူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သစ်သီးကုန်စည်ဒိုင်သို့တစ်ခြင်း/ တစ်ဖာလျှင် ၁၃၀၀- ၁၄၀၀ ကျပ် ခန့် ပေးချေရတယ်လို့သိရပါတယ်။ သရက်သီးလုပ်သားခအနေနဲ့အပင်မှခူးခြင်း၊ဂျပ်ဖာထည့်ခြင်း၊ကားပေါ်တင်ခြင်းအပါအဝင်တစ်ဖာလျှင်၅၀၀ကျပ်ပေးချေရေ ကြာင်း မန္တလေးတိုင်းဒေသ ကြီး စားသုံးသူရေးရာမှ စုံစမ်းသိရှိရ ပါတယ်။

မိမိဒေသအတွင်းမှာသရက်သီးထွက်ရှိမှုအပေါ်မူတည်၍သယ်ယူပို့ဆောင်ခ Logistic  ပြောင်းလဲမှု အနေ ဖြင့်ကုန်ကျစ် တစ်ပိဿာလျှင်လမ်းတံတားဖြတ်သန်းခအပါအဝင် ယခင် ၈၀ ကျပ် ကုန်ကျခဲ့ရာမှ ယခုအခါ ၆၄ ကျပ်သို့ ဈေးနှုန်းကျဆင်းလာသဖြင့် သယ်ယူပို့ဆောင်ခသိသာစွာကျဆင်းလာ ခဲ့တာကို တွေ့ရပါတယ်။
ငွေလဲနှုန်းအပေါ်အကျိုးသက်ရောက်မှု-
မေလဆန်းငွေလဲနှုန်းအနေနဲ့အမေ ရိကန်တစ်ဒေါ်လာတွင် တရုတ်နိုင်ငံသုံး ငွေကြေး ၆ ဒသမ ၂၅ ယွမ် နှင့်ညီ မျှပြီး၊အမေရိကန်တစ်ဒေါ်လာမှာမြန်မာ ငွေ ၉၆၃ ကျပ် ဖြစ်နေခြင်း၊ တစ်ဖက် နိုင်ငံသုံးတစ်ယွမ်လျှင် မြန်မာငွေ ၁၅၂ ကျပ်နှင့် တန်ဖိုးညီမျှပါတယ်။ယခင်တစ်ယွမ်လျှင် မြန်မာကျပ်ငွေ ၁၅၈ ကျပ်မှ ယခု ၁၅၃ ကျပ်သို့ ပြောင်းလာ ရာ မြန်မာကျပ်ငွေေ ကြးတန်ဖိုးမြင့်တက်လာ တာကို တွေ့ရပါတယ်။
သို့ဖြစ်ပါ ၍ မိမိဒေသတွင်း သရက်သီးလှိုင်လှိုင်ထွက်ရှိလာပြီး သယ်ယူပို့ဆောင်ခနှုန်းထားများလည်းကျဆင်း လာတဲ့ အတွက် သရက်သီးထုတ်လုပ် တင်ပို့နေသော လုပ်ငန်းရှင်များနဲ့ တောင်သူများအနေဖြင့် တွက်ခြေ ကိုက်မှုရှိကြောင်း စိုက်ပျိုးရေးကို အခြေ ခံသည့် ပြည်ပပို့ကုန်များကို ပိုမိုတိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် သတင်း ကောင်းပါး လိုက်ရပါ တယ်။