Main menu

Background

မွေးမြူရေးသားဖောက်ရန် မျိုးကောင်းမျိုးသန့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်များ မလေးရှားမှတင်သွင်း

Fri, 05/23/2014 - 04:51 -- ydnar

ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်း ရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်နိုင် ရန်၊ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန် အတွက်ကျေးလက်နေပြည်သူလူထုမွေးမြူ နိုင်တဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို မျိုးဖောက်၍ပြည်သူ လူထုလက်ရောက်သင့်တင့်မျှတသောဈေးနှုန်းနဲ့ရောင်းချပေးနိုင်ရေးအတွက် Grand Wynn Enterprise Ltd  သည် ကျွဲ၊ နွား၊ သိုး၊ဆိတ်အရှင်၂၆၆ကောင်အား မလေးရှား နိုင်ငံမှတင်သွင်းရန်

စီစဉ်နေတယ်လို့ သိရပါတယ်။ ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးအားဆက်သွယ်မေးမြန်းကြည့်ရာမှာတော့မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနကမြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့မျိုးမြင့်တိရစ္ဆာန် များမွေးမြူထုတ်လုပ်နိုင်ရေးအတွက်မွေးမြူသင့်တဲ့တိရစ္ဆာန် များ ဖြစ်ကြောင်း ထောက်ခံစာနဲ့အတူ စီးပွားရေးနဲ့ ကူးသန်းေ ရာင်းဝယ်ရေးဝန်ကြီးဌာနမှာဧပြီလဆန်းပိုင်းကသွင်းကုန်လိုင်စင်လျှောက်ထားခဲ့ကြောင်း၊ယခုအခါပထမအသုတ်အနေနဲ့မလေး ရှားနိုင်ငံPortKlang,Penangတို့မှရေကြောင်းနဲ့တင်သွင်းလာတဲ့နွား၊သိုးနဲ့ဆိတ်အကောင်၃၀ မြန်မာနိုင်ငံ ကိုရောက်ရှိနေ ပြီလို့သိရပါတယ်။ ၎င်းတို့တင်သွင်းရန်စီစဉ်ထားတဲ့ နွားမျိုးတွေကSahicoal, Hariana  ၊ ကျွဲမျိုးက Murrah၊ သိုးက Dorper  ၊ ဆိတ်မျိုးတွေက Boer ,Saanen , Beetal နဲ့ Jamurapari အသီးသီး ဖြစ်ကြပါတယ်။