Main menu

Background

ဗီယက်နမ် ထုတ်ကုန်များရဲ့ နယူးဇီလန်ဈေးကွက် အခွင့်အလမ်း

Fri, 05/23/2014 - 05:33 -- ydnar

ဗီယက်နမ်နဲ့နယူးဇီလန်နိုင်ငံတို့ ဟာ ကုန်သွယ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး တရားဝင်မူဘောင်ကို သဘောတူ လက်မှတ်ရေး ထိုး လိုက်ပြီဖြစ် ပါတယ်။

 

နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပူးတွဲကော်မတီကို၂၀၀၅ခုနှစ်ကထူထောင်ခဲ့တာဖြစ်ပါတယ်။၂၀၁၁ခုနှစ်ကနှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၈၇ သန်းရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ကန်ဒေါ်လာ သန်း ၇၅၀ ထိ တိုးရ ခဲ့ပြီး ၂၀၁၃ ခုနှစ် မှာကန်ဒေါ်လာ၇၂၃ သန်း ဆောင်ရွက် နိုင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ် ပထမလေးလမှာ ဗီယက်နမ်မှ နယူးဇီလန်နဲ့ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ သန်း ၉၀ ရှိပြီး ၂၀၁၅ မှာ ကန်ဒေါ်လာ ၁ ဘီလီယံထိ ရရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
ဗီယက်နမ်နိုင်ငံမှ နယူးဇီလန်သို့ အများဆုံးတင်ပို့တဲ့ပို့ကုန်တွေကတော့ဖိနပ်၊သစ်နဲ့ကျွန်းသစ်ထွက်ပစ္စည်းများ၊ ပင်လယ် စာ၊ အဝတ်အထည်နဲ့ သီဟိုဠ် စေ့ တို့ဖြစ်ကြပါတယ်။
ASEAN - Australia , New Zealand , Free Trade (A ANZFTA)သဘောတူညီချက်ဟာ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ က စတင် သက်ရောက်တာဖြစ်ပါတယ်။ဗီယက်နမ် ထုတ်ကုန်ပစ္စည်းများဟာ နယူးဇီလန် ဈေးကွက်မှာ အားပေးမှု များ ရရှိနေပြီ ဖြစ်ပါတယ်။

 

နယူးဇီလန်နိုင်ငံသို့ တင်ပို့တဲ့ သစ်သီးဝလံများအတွက် ပိုးမွှားကင်း ရှင်းမှုထောက်ခံချက်များ လိုအပ်လျက် ရှိပါတယ်။ လတ်တလောမှာ ဗီယက်နမ် မှ နဂါးမောက်သီး တင်ပို့ရန်အတွက် အမျိုးသားအပင်ပိုးမွှားကာကွယ်ရေး အဖွဲ့(National Plant Protection Organization NPPO) ရဲ့ ထောက်ခံ ချက်ရရှိရန်လိုအပ်ပါတယ်။ မေလ (၁) ရက်နေ့မှာတော့ ဗီယက်နမ် သရက်သီး တင်သွင်းနိုင်ရေးအတွက် လုပ်ထုံးလုပ် နည်းများကို ပြန်လည်ပြုပြင်မွမ်းမံ နေတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ် နှောင်းပိုင်းကစပြီးဗီယက်နမ် သရက်သီး ဟာနယူးဇီလန်စားသုံးသူများ အကြား မှာရေပန်းစားထင်ရှားနေပြီဖြစ် ပါတယ်။ဗီယက်နမ် နဂါးမောက်သီးနဲ့ သရက်သီးနှစ်မျိုးတင်ပို့မှုဟာ နယူးဇီ လန်ဈေးကွက်အတွင်းဝင်ရောက်ရန် အစပျိုးခြေ လှမ်းသဖွယ်ဖြစ်ပြီးအခြားဗီယက်နမ်သစ်သီးဝလံများအတွက်ဈေးကွက်အခွင့်အလမ်းကောင်းတစ်ခုဖြစ်စေနိုင်မယ်လို့ မျှော်လင့်ေ နကြ ပါတယ်။