Main menu

Background

ဂရိစတော့ ဈေးကွက်ပိတ်ထားပြီး ပြန်အဖွင့်မှာ ရှယ်ယာဈေးတွေ စံချိန်တင်ကျဆင်း

Wed, 08/12/2015 - 20:19 -- journal_editor

  ဂရိနိုင်ငံရဲ့ကြွေးမြီအကျပ်အတည်းကြောင့် ရက်သတ္တပတ်ငါးပတ်ကြာပိတ်ထားခဲ့ရတဲ့ ဂရိစတော့ဈေးကွက်ကို  သြဂုတ်လ ၃ ရက်နေ့ကပြန်ဖွင့်ခဲ့ပါတယ်။ ဈေးကွက်ပြန်ဖွင့် ချိန်မှာတော့ စတော့ရှယ်ယာဈေးတွေက ၁၆ ရာခိုင်နှုန်း ထိကျ ဆင်းခဲ့ပြီး ကျဆင်းမှုမှာမကြုံဖူးလောက်အောင် ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။ ကယ်တင်မှုချေးငွေသစ်ရရှိရေးအတွက် ဂရိနိုင်ငံက အီးယူနဲ့ အိုင်အမ်အက်ဖ်တို့ဆွေးနွေးရာမှာ လိပ်ခဲတည်းလည်းြ ဖစ်ခဲ့ပြီးနောက် ဂရိနိုင်ငံရဲ့ ဘဏ္ဍာရေးပြိုကွဲမှုက အမြင့်ဆုံးသို့  ရောက်ရှိခဲ့ပါတယ်။ ဒီလိုပြိုကွဲမှုဒဏ်သက်သာဖို့နဲ့ ဘဏ်တွေက ငွေကြေးသုံးစွဲမှုကို ကာကွယ်ဖို့အတွက် အစိုးရ ငွေကြေးထိန်းချုပ်မှုတွေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီေ နာက်ပိုင်း မှာ ရှယ်ယာဈေးနှုန်းကျဆင်းခဲ့ရာ အထူးသဖြင့်ဘဏ်ရှယ်ယာ များက ၃၀ ရာခိုင်နှုန်းထိကျဆင်းခဲ့ပါတယ်။
     ATHEX အညွှန်းကိန်းက တစ်နေ့အတွင်း ၁၆ ဒသမ ၃၂ မှတ်ကျဆင်းပြီး ၆၆၈ ဒသမ ၀၆ မှတ်ထိရောက်ရှိခဲ့ရာ နှစ်ပေါင်း ၆၀ နီးပါးအတွင်းအဆိုးဆုံးကျဆင်းမှု ဖြစ်ပါတယ်။ ယခင်လကကယ်တင်မှုချေးငွေသစ် ရရှိရန်သေ ဘာတူထားပြီး နောက်ပိုင်းရင်းနှီးမြှုပ်နှံသူတွေက ဂရိနိုင်ငံနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေပါတယ်။ ဂရိစတော့ဈေးကွက်မှာ ဆုံးရှုံးမှုအဆိုးဝါးဆုံးဖြစ်ခဲ့ပြီး ၁၉၈၇ ခုနှစ်ကနဲ့နှိုင်းယှဉ်ရင် ၁၅ ဒသမ ၀၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ အီးယူနဲ့ အိုင်အမ်အက်ဖ်စာရင်းစစ်အကြီးတန်းအရာရှိများနဲ့ ဂရိနိုင်ငံဝန်ကြီးများက ယူရို ၈၆ဘီလီယံ(အမေရိ ကန်ဒေါ်လာ ၉၄ ဘီလီယံ)ရှိ သုံးနှစ်သက်တမ်းရှိကယ်တင်မှု ချေးငွေကိစ္စကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီေ ဆွးနွေး ပွဲတွေအပြီးမှာ စတော့ဈေးကွက်တွေ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ကုန်သည်တွေရှယ်ယာဈေးကွက်ထဲဝင်လာချိန်မှာ  ရှယ်ယာတွေအများဆုံးထုတ်ရောင်းတဲ့အတွက် ဖြစ်ပေါ်လာတဲ့ဒဏ်ကို ဂရိဘဏ်တွေက အများဆုံးခံရလိမ့်မယ်လို့ အများစုက ယုံကြည်လက်ခံထားကြပါတယ်။