Main menu

Background

အေအီးစီကြောင့် အင်ဒိုနီးရှားအစားအစာနဲ့ အဖျော်ယမကာလုပ်ငန်း ထူးထူးခြားခြား ပြောင်းလဲမည်မဟုတ်

Fri, 01/15/2016 - 12:52 -- journal_editor

လွန်ခဲ့တဲ့ငါးနှစ်တာကာလအတွင်း အာဆီယံနိုင်ငံအများစုက ကုန် သွယ်မှု အတားအဆီးများကို ဖယ်ရှားထားပြီးဖြစ်သဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း(အေအီးစီ)တည်ထောင်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းအတွက် ပြုပြင်ပြောင်းလဲမှုတွေ ကြီးကြီးမား မား ဖြစ်လာမှာမဟုတ်ကြောင်း အင်ဒိုနီးရှားအစားအစာနဲ့ အဖျော်ယမကာ အသင်:(Gapmmi)  ဥက္ကဋ္ဌ အက်ဒီအက်စ်လုခမန်းရဲ့ ပြောကြားချက်ကို ကိုးကား ပြီး အန်တာရာသတင်းမှာ ဖော်ပြပါတယ်။ဒါပေမဲ့အရှေ့တောင်အာရှဒေသကို မဟာအင်ဒိုနီးရှားအဖြစ် သဘော ထားပြီး အနာဂတ် မူဝါဒတွေကို ချမှတ်တဲ့အခါ အာဆီယံကို ဗဟိုပြုတဲ့ စိတ် ဓာတ်နဲ့ ဆောင်ရွက်ဖို့လိုကြောင်း သူကပြောပါတယ်။''အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းက သူ့ကိုယ်ပိုင်အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်ကြမှာဖြစ်တဲ့အတွက် စိတ်သဘောထားညီညွတ်အောင် ဆောင်ရွက်ဖို့ဆိုတာ တကယ်တော့လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီကိစ္စက လည်း ဖြေရှင်းဆောင်ရွက်ရဦးမယ့် ကိစ္စဖြစ်ပါတယ်''လို့ သူကပြောပါတယ်။အာဆီယံအဖွဲ့ဝင်တွေ ဆွေးနွေးနေတဲ့ ပြဿနာတွေအနက် တစ်ခုက အာဆီယံထုတ်ကုန်ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ဖြစ်ပါတယ်။ တချို့ က ဒေသတွင်းမှာထုတ်လုပ်ပြီး ရောင်းဝယ်တဲ့ ကုန်ပစ္စည်းကိုသတ်မှတ်ပြီး တချို့က ဒေသတွင်းမှ ထုတ်လုပ်တယ်ဆိုရင်ပဲ အာဆီယံထုတ်ကုန်အဖြစ် သတ်မှတ်ကြပါတယ်။ကြိုးနီစနစ်ကို ဖယ်ရှားပြီး ပြည်တွင်းစီးပွားရေး လုပ်ငန်း တွေရဲ့ ယှဉ်ပြိုင် နိုင်မှုစွမ်းရည်ကို မြှင့်တင်ဖို့ အစိုးရက ပြင်ဆင်နေကြောင်း ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီးရဲ့ ပေါင်းစပ်ညှိနှိုင်းရေးဌာန လက်ထောက်အက်ဒီပူ ထနာအီရာဗဒီက ပြောပါတယ်။''အထူးစီးပွားရေးဇုန်တွေ အတွက် ဆွဲဆောင်မှုတွေပေးဖို့ ထောက်ပံ့ပို့ ဆောင်ရေးစင်တာတွေ၊ ပြည်တွင်းလွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီ ချက်နဲ့ စက်မှုဇုန်ဆိုင်ရာ  အစိုးရစည်းမျဉ်းဥပဒေတွေ ပေါ်ထွက်ဖို့ ကျွန်တော် တို့ဆောင်ရွက်နေပါတယ်''လို့ အက်ဒီကပြောပါတယ်။