Main menu

Background

တရုတ်နိုင်ငံရဲ့ ဇန်နဝါရီကုန်ထုတ်လုပ်မှုက ၂၀၁၂ ခုနှစ် နောက်ပိုင်းအနိမ့်ဆုံးနှုန်းဖြင့် တိုးတက်

Wed, 02/10/2016 - 11:16 -- journal_editor

ဇန်နဝါရီလအတွင်းမှာ တရုတ် နိုင်ငံရဲ့ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် နှုန်းက  နှစ်နှစ်ခွဲကာလအတွင်း အလျင်မြန်ဆုံးနှုန်းနဲ့ ကျဆင်းခဲ့ကြောင်း၊ ယခုလိုကျဆင်းမှုက ဈေးကွက်ရဲ့ ကြို တင်ခန့်မှန်းချက်နဲ့ ကိုက်ညီမှုမရှိသေး ကြောင်း ဖေဖော်ဝါရီ ၁ ရက်က တရားဝင်ထုတ်ပြန်တဲ့  စစ်တမ်းအရသိရပါတယ်။တရားဝင်ထုတ်ပြန်တဲ့ ဝယ်ယူသူ မန်နေဂျာများ အညွှန်းကိန်းPurc- hasing Manager's Index-PMI) ကဇန်နဝါရီမှာ ၄၉ ဒသမ ၄ ရာခိုင် နှုန်း ရှိခဲ့တဲ့ အတွက် ယခင်လက ရှိခဲ့တဲ့ ၄၉ ဒသမ ၇ ရာခိုင်နှုန်းနဲ့နှိုင်းယှဉ်ရင်နိမ့်ကျ နေတဲ့အပြင် တိုးတက်နှုန်းနဲ့ကျဆင်းမှုကိုသတ်မှတ်ထားတဲ့ ၅၀ ရာခိုင်နှုန်း အောက်ကိုကျဆင်းနေတာကိုတွေ့ရပြီး ၂၀၁၂ ခုနှစ်သြဂုတ်လ နောက်ပိုင်းအနိမ့်ဆုံးဖွံ့ဖြိုးမှု နှုန်းဖြစ်ခဲ့ကြောင်းရိုက်တာသတင်းမှာဖော်ပြပါတယ်။PMI အရစက်ရုံများရဲ့ ကုန် ထုတ်လုပ်လုပ်ငန်းကျဆင်းမှုက ခြောက်လ မြောက်ဆက်တိုက်ကျဆင်းလာတာကို တွေ့ရပါတယ်။ သံမဏိနဲ့စွမ်း အင် အပါအဝင်အဓိကကျတဲ့ ကဏ္ဍ တွေမှာ အလျှံပယ်ထုတ်လုပ်နေမှုနဲ့ ဈေးနှုန်းများ ကျဆင်းမှုဒဏ်ကို ပြင်းထန်စွာခံနေရတဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းရဲ့နှစ်အစတာထွက်မှာအားနည်းတဲ့လက္ခဏာတွေဖြစ်ပေါ်လျက်ရှိတာ တွေ့ရပါတယ်။''ဇန်နဝါရီလမှာ လျှပ်စစ် ကဏ္ဍ ထုတ်လုပ်မှုက ကျဆင်းနေဆဲဖြစ်ပြီး သံမဏိထုတ်လုပ်မှုကလည်းဆက်လက် ကျဆင်းနေပါတယ်။  ဒါတွေကိုကြည့် ရင် စက်မှုကဏ္ဍတွေမှာ  ထုတ်လုပ်မှု စွမ်းအားတွေကျဆင်းနေတာကို ပြသ လျက်ရှိနေတာကို တွေ့ရပါတယ်''လို့ Commerzbank  ရဲ့ စီးပွားရေးပညာရှင် ချူဟောင်က ပြောပါတယ်။