Main menu

Background

ရေနံဈေးနှုန်းရေရှည်ကျဆင်းမှုကြောင့် အမေရိကန်ရေနံကုမ္ပဏီများရဲ့ ၂၀၁၆ ခုနှစ်အတွက်အသုံးစရိတ်များအားလျော့ချ

Thu, 02/18/2016 - 10:36 -- journal_editor

                         အမေရိကန် ပြည်ထောင်စုမှာ ရေနံဈေးနှုန်းတွေအဆက်မပြတ် ကျဆင်းပြီး ငွေကြေးစီးဆင်းမှုတွေ အခြေအနေပျက်ယွင်းလျက်ရှိတဲ့အတွက်နုန်းကျောက်မှရေနံထုတ်လုပ်တဲ့ အမေရိကန်တွေက လက်ရှိနှစ် လ တာကာလ အတွင်း ၂၀၁၆ ခုနှစ်အသုံးစရိတ်ကိုဒုတိယအကြိမ်မြောက်လျှော့ချခဲ့ကြောင်း နဲ့ ရေနံဈေးနှုန်းက တစ်စည်ကို အမေရိ ကန်ဒေါ်လာ ၃၀ အောက်ထိ ကျဆင်းမှုကြောင့် ရေနံထုတ်လုပ်သူတွေက လုပ်ငန်းစီမံကိန်း အသစ်များအတွက် အသုံးစရိတ်ကိုဆိုင်းငံ့ထားကြောင်းရိုက်တာသတင်းမှာဖော်ပြထားပါတယ်။''ကုမ္ပဏီများက လက်ကျန်ရှင်း တမ်းများနဲ့ငွေသားတွေကို ထိန်းထိန်း သိမ်းသိမ်းကိုင်တွယ်ဆောင်ရွက်နေပြီး ဝင်ငွေနဲ့လောက်ငှရုံ သာ ဆောင်ရွက်လျက်ရှိကြတဲ့အတွက် အရအသုံးစရိတ် ဆက်လက်ကျဆင်းနေမယ့်သဘောရှိ တယ်''လို့ Topeka Capital Markets ရဲ့ လေ့လာဆန်းစစ်ရေးမှူး  ဂါဘနီယယ် ဆော်ဘရာကပြောပါတယ်။ထုတ်လုပ်မှုအရ ထိပ်ဆုံးနေရာ ကို ရောက်ရှိနေတဲ့ အမေရိကန် ရေနံ ကုမ္ပဏီ ၃၀  အနက် ၁၈ ခုက ၂၀၁၆ ခုနှစ်အတွက် အသုံးစရိတ်ကို ရေးဆွဲ ထားပြီးဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီ များက အရအသုံးစရိတ်ကို ပျမ်းမျှခြင်း အားဖြင့် ၄၀ရာခိုင် နှုန်း အထိ လျှော့ချ ထားရာ လေ့လာဆန်းစစ်ရေးမှူး အများစု ခန့်မှန်းထားတာထက်ပို မိုကျဆင်းလျက်ရှိကြောင်းရိုက်တာလေ့လာ ဆန်းစစ်ရေးမှူးတွေကပြောပါတယ်။ဒါပေမယ့် နောက်ထပ်လျှော့ချဦး မယ့်အလားအလာတွေ ရှိနေပါသေးတယ်။ အလားတူရေနံမြေဒေသမှာရှိတဲ့ ဝန်ဆောင်မှုဈေးနှုန်းလျှော့ချထားပြီး  အသုံးစရိတ်ချွေတာမှုကိုတိုးမြှင့်ဆောင် ရွက်ထားပြီးဖြစ်တဲ့အတွက် နောက်ထပ်လျှော့ချစရာမရှိတော့ကြောင်း လေ့လာဆန်းစစ်သူတွေ က သုံးသပ်ပါတယ်။