Main menu

Background

တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံခြားငွေကြေး ဖြင့် ဘဏ်အပ်ငွေ ဇန်နဝါရီတွင် ကျဆင်း

Tue, 02/23/2016 - 15:49 -- journal_editor

                      နိုင်ငံခြားငွေများ ပြည်ပသို့ အလုံးအရင်းဖြင့် စီးထွက်မှုကြောင့် တောင်ကိုရီး ယားရှိနိုင်ငံခြားဘဏ်များတွင် နိုင်ငံခြားငွေသားဖြင့် အပ်နှံမှုမှာ ဇန်နဝါရီလတွင် လနှစ်ဆယ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က တောင်ကိုရီးယားဗဟိုဘဏ်မှ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ တောင်ကို ရီးယားဗဟိုဘဏ်(Bank of Korea) မှ ထုတ်ပြန်တဲ့ ဇန်နဝါရီလကုန် စာရင်းများရ ပြည်တွင်းမှာ အခြေချနေထိုင်သူ (Local Resident) တွေ လက်ဝယ်ရှိနေတဲ့ နိုင်ငံခြားဘဏ်အပ်ငွေလက်ကျန်မှာ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၆ ဘီလီယံရှိခဲ့ရာယခင်လနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၅ ဘီလီယံကျ ဆင်းခဲ့ကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။ဇန်နဝါရီလကုန်ကရှိခဲ့သော ငွေလက်ကျန်မှာ ၂၀၁၄ ခုနှစ် မတ်လနောက်ပိုင်း အနည်းဆုံးဖြစ်ခဲ့ပြီး ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါ တယ်။ပြည် တွင်းမှာအခြေချ နေထိုင်သူဟုဆိုရာတွင် တောင်ကိုရီးယားနိုင်ငံအတွင်း၌ ခြောက်လကျော်နေထိုင်သော စီးပွားရေးလုပ်ငန်းများနဲ့ နိုင်ငံခြားသားတစ်ဦးချင်း ပုဂ္ဂိုလ်တွေပါဝင်ပါတယ်။ယခုထုတ်ပြန်မှုတွင် ဘဏ်အချင်းချင်း အပ်နှံငွေပါဝင် ခြင်းမရှိပါ။ ဇန်နဝါရီလတွင် အပ်နှံငွေကျဆင်းရခြင်းမှာ ကော်ပိုရေးရှင်းမျာ၏ အပ်နှံငွေလျှော့ချခြင်းကြောင့် အများဆုံးဖြစ်ပါတယ်။ ကုမ္ပဏီများက ဇန်နဝါရီတွင် အပ်နှံထားတဲ့ နိုင်ငံခြားငွေပမာဏမှာ ယခင်လနဲ့ နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂ ဒသမ  ၂၇ ဘီလီယံကျဆင်းပြီး တစ်ဦးချင်းအလိုက်အပ်နှံငွေက အမေရိကန် ဒေါ်လာသန်း ၆၆၀ ရှိခဲ့ပါတယ်။