Main menu

Background

ရေနံထုတ်လုပ်မှုကို ထိန်းထားဖို့ ဗင်နီဇွဲလား၊ ဆော်ဒီအာရေးဘီးယား၊ ရုရှားနဲ့ ကာတာတို့ သဘောတူ

Wed, 02/24/2016 - 10:00 -- journal_editor

              ဗင်နီဇွဲလား၊ ဆော်ဒီအာရေးဘီး ယား၊ ရုရှားနဲ့ ကာတာနိုင်ငံတို့အနေနဲ့ ရေနံထုတ်လုပ်မှုကိုထိန်းထားဖို့၊ ကျဆင်းနေတဲ့ရေနံဈေးနှုန်းတွေကို တည်ငြိမ်အောင်ဆောင်ရွက်ဖို့ နည်းလမ်းရှာဖွေလျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၆  ရက်က ဗင်နီဇွဲလား အစိုးရ အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုး ကားပြီး ရှင်ဝှာသတင်းမှာဖော်ပြပါ တယ်။အိုပက်အဖွဲ့ဝင်နိုင်ငံသုံးနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ပါဝင်တဲ့ နိုင်ငံလေးနိုင်ငံ က ရေနံထုတ်လုပ်မှုကို၂၀၁၆ ခုနှစ် ဇန်နဝါ ရီကထုတ်လုပ်မှုအတိုင်းထိန်းထားဖို့၊   အီရန်နဲ့အီရတ်အပါအဝင် အခြားအရေးပါတဲ့ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့သဘောတူညီမှုကိုရရှိအောင် ဆောင်ရွက်ဖို့သဘောတူထားကြောင်း ဗင်နီဇွဲလားရနံနဲ့သတ္တုတူးဖော်ရေး ဝန်ကြီး ယူလိုဂီယိုဒယ်လ်ပီနိုက ကာတာနိုင်ငံ ဒိုဟာမှာ ကျင်းပတဲ့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။ ရေနံထုတ်လုပ်မှုထိန်းချုပ်ထားရေး အစီအစဉ်ကိုဆောင်ရွက်တဲ့အခါဖြစ်ပေါ်လာတဲ့ရလဒ်တွေကို လေ့လာဆန်းစစ်ဖို့ စောင့်ကြည့် ရေး ကော်မတီ ကို ဖွဲ့စည်းခဲ့ကြောင်း  ဗင်နီဇွဲလားရေနံ စိမ်းကုမ္ပဏီ PDVSA ရဲ့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။''ဈေးကွက်တည်ငြိမ်ဖို့အတွက် ဗင်နီဇွဲလားနိုင်ငံနဲ့ကျန်နိုင်ငံတွေ ရဲ့သမိုင်းဝင်သဘောတူညီချက် ကို ဒီကနေ့ရရှိခဲ့ပါတယ်''ဟုဒယ်လ်ပီနိုက သူ့ရဲ့ တွစ်တာမှာရေးသားဖော်ပြထားပါ တယ်။ ဒီနောက်ပိုင်းမှာ  စီးပွားရေးပြန် လည်တည်ငြိမ်မှုရရှိအောင်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက်အိုပက် အဖွဲ့တစ်ဖွဲ့လုံးနဲ့ ညှိနှိုင်းသွား မှာ ဖြစ်ပါ တယ်။ရေနံထုတ်လုပ်မှုကို ထိန်းချုပ်ထားဖို့အတွက် ၂၀၁၅ ခုနှစ် နှစ်လယ်ကတည်း က ဗင်နီဇွဲလား အစိုးရကကြိုးပမ်းခဲ့တာ ဖြစ်ပြီးအဲဒီအချိန်က ရေနံစိမ်းဈေးနှုန်း တွေက တစ်စည်ကိုအမေရိကန် ဒေါ်လာ ၃၀ ထိ ကျဆင်းခဲ့ပါတယ်။