Main menu

Background

ပို့ကုန်မြှင့်တင်ရေးအတွက် တောင်ကိုရီးယားက ရင်းနှီးမြှုပ်နှံမှုများအား တိုးမြှင့်ရှာဖွေ

Wed, 02/24/2016 - 10:23 -- journal_editor

            ရေနံစိမ်းဈေးနှုန်းတွေ   ကျဆင်းမှု နဲ့ ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ပို့ကုန်တွေ ကျဆင်းနေတာကို တွေ့ရပါတယ်။ ကျဆင်းနေတဲ့ ပို့ကုန်တွေမြှင့်တင်နိုင် ရေးအတွက် ကြိုးပမ်းမှုတစ်ရပ် အဖြစ်တောင်ကိုရီးယားနိုင်ငံက   စက်မှုလုပ် ငန်းသစ်တွေမှာကုမ္ပဏီတွေရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ တိုးတက်လာစေမယ့် အစီအမံတွေကို   ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့ကြောင်း ယွန်းဟပ်သတင်း မှာ ဖော်ပြထားပါတယ်။ ကြိုးနီစနစ်ကိုဖယ်ရှားခြင်းနဲ့ ကုမ္ပဏီတွေပင်လယ်ရပ်ခြားဈေးကွက် တွေကိုထိုးဖောက်နိုင်အောင် အကူအညီပေးခြင်းဖြင့်  လျှပ်စစ်ကားထုတ် လုပ်ရေးနည်းပညာသစ် ကဏ္ဍတွေမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဝမ် ၄၄ ထရီ လီယံ ရောက်ရှိအောင် စက်မှုနဲ့ စွမ်းအင်ဝန်ကြီးဌာနက အားပေးခဲ့ကြောင်း သမ္မတပတ်ဂွင်ဟေး သဘာပတိအဖြစ်ဆောင်ရွက်တဲ့ ကုန်သွယ်မှု နဲ့ ရင်းနှီးမြုပ်နှံ မှုမြှင့်တင်ရေး အစည်းအဝေးမှာ အဆိုပါဝန်ကြီးဌာနက ပြောပါတယ်။ ကုမ္ပဏီတွေပြည်ပဈေးကွက် တွေကို   ဝင်ရောက်ရာမှာအထောက် အကူပေးနိုင်ရေးအတွက်ထုတ်ကုန် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း နဲ့ ပို့ကုန်ခွင့်ပြုလက်မှတ်  ထုတ်ပေးရာမှာ ဥပဒေရေးရာနဲ့  စီမံခန့်ခွဲရေးရာ လုပ်ထုံး လုပ်နည်းတွေကို  လျှော့ချပေး မှာ ဖြစ်ကြောင်း ရောင်းချရေးနဲ့ဖြန့်ဖြူး ရေးဆိုင်ရာ   နည်းဥပဒေတွေကို ရုပ် သိမ်းပေးမှာ ဖြစ်ကြောင်းဝန်ကြီးဌာနကပြောပါတယ်။ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေကိုချောချောမွေ့မွေ့  အကောင် အထည် ဖော်နိုင်မယ်ဆိုရင်တောင်ကိုရီးယား နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုက  အမေရိ ကန်ဒေါ်လာ ၉၈ ဘီလီယံအထိ တိုး တက်လာပြီးတန်ဖိုးကို နောက်ထပ် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံအထိ တိုးမြှင့်နိုင်မှာဖြစ်ကြောင်းနဲ့    အလုပ်အကိုင်သစ် ၄၁၅၀၀၀ အထိ ဖန်တီးနိုင် မှာ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။