Main menu

Background

အမေရိကန်စီးပွားရေး မရေရာမှုများက ရွေးကောက်ပွဲအလားအလာများကို ကမောက်ကမဖြစ်စေ

Wed, 02/24/2016 - 10:52 -- journal_editor

          ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးကျဆင်းမှုအတွက် စိုးရိမ်ပူပန် မှုတွေထပ်မံဖြစ်ပွားရတဲ့အတွက် ၂၀၁၆ ခုနှစ် အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲက အမေရိကန်စီးပွား ရေးစွမ်းဆောင်ရည်အပေါ်ကိုပိုမို အလေးထား   လာနိုင်ဖွယ်ရှိကြောင်း ဝေါစထရိစ်ဂျာနယ်သတင်းမှာ ဖော်ပြ ထားပါတယ်။ယခုနှစ် ဆောင်းဦးမှာ ပြုလုပ် မည့်  ရွေးကောက်ပွဲတွင်မည်သည့်ပါတပိုမိုအကျိုးဖြစ်ထွန်းနိုင်သည်ကို တွက်ချက်ရာတွင် ပြည်သူများက ရွေး ကောက်ပွဲလှုပ်ရှားမှုေ<ကးကြော်သံတွေ နဲ့ စကားရည်လုပွဲ ပြောကြားချက်တွေ ထက်လာမယ့်လများအတွင်း ဖြစ်ပေါ် လာမယ့် စီးပွားရေးအခြေအနေကို ပိုမိုအာရုံစိုက်လာဖွယ်ရှိကြောင်း နိုင်ငံရေးသိပ္ပံပညာရှင်တွေက  ပြောပါတယ်။ယခုနှစ်အတွင်းမှာ  အမေရိကန် စီးပွားရေး  ဘယ်လိုဖြစ်လာမလဲဆိုတာ ကို ခန့်မှန်းရခက်ပါတယ်။   ဒါပေမယ့် စတော့တွေ၊ ဘွန်းစာချုပ်တွေနဲ့ အခြား ဘဏ္ဍာရေးဈေးကွက်တွေက  စီးပွားရေး ဆုတ်ကပ်ဖြစ်မယ့်  အလားအလာ တွေ ကို ပြသနေပါတယ်။  ပြည်တွင်းစီးပွား ရေး အခြေအနေကလည်း  အကောင်း တွေရော၊ အဆိုးတွေပါ ဒွန်တွဲ ဖြစ်တည် လျက်ရှိနေပါတယ်။ဓာတ်ဆီဈေးနှုန်းချိုသာမူ၊ အိမ်ခြံ မြေဈေးကွက်မှန်မှန်နာလန်ထူလာ မှုနဲ့ အလုပ်လက်မဲ့နှုန်းကို ၅ ရာခိုင်နှုန်းအထိ ကျဆင်းလောက်အောင်  ဖြစ်ပေါ်စေခဲ့ တဲ့အလုပ်အကိုင်  ဖွံ့ဖြိုးမှုကောင်းကျိုး တွေကို အမေရိကန်  စားသုံးသူတွေခံစားခွင့်ရနေပါတယ်။ ဒါပေမယ့်  ပင်လယ်ရပ်ခြားဝယ်လို အားကျဆင်းမှု၊ ဒေါ်လာတန်ဖိုး    ခိုင်မာမှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေမှာအမြတ် အစွန်းနည်းပါးနေပါတယ်။ပြည်ပ နိုင်ငံများမှာ ဖြစ်ပေါ်နေ တဲ့ စီးပွားရေးကျဆင်းမှုတွေက အမေရိ ကန်နိုင်ငံရဲ့ စီးပွားရေးအတွက် အကြီး မားဆုံးသော အန္တရာယ်တစ်ခုသဖွယ် ဖြစ်လာနိုင်ကြောင်း၊ အဆိုပါအန္တရာယ်များတွင် တရုတ် နိုင်ငံ၏စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးကျဆင်းမှုကုန်စည်ဈေးနှုန်းများ ကျဆင်းမှုနဲ့ထွန်းသစ်စဈေးကွက်များမှာ စီးပွား ရေးဆုတ်ကပ်နက်ရှိုင်းစွာ ဖြစ်ပေါ်မှု စတဲ့အချက်တွေပါဝင်ပါတယ်။