Main menu

Background

ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန်နိုင်ငံရဲ့ ရေနံနဲ့ ဓာတုထုတ်ကုန်များအား ဥရောပသို့ တင်ပို့

Tue, 03/08/2016 - 15:07 -- journal_editor

          ဇန်နဝါရီ ၁၆ ရက်မှာ အမေရိ ကန်ပြည်ထောင်စုနဲ့ကုလသမဂ္ဂတို့က အီရန်နိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းပြီးနောက်ပိုင်း ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရေနံနဲ့ဓာတု ထုတ်ကုန်ပထမသုတ်ကို ဥရောပသို့အီရန်နိုင်ငံကတင်ပို့ခဲ့ကြောင်း အီရန်သင်္ဘောလိုင်းညွှန်ကြားရေးမှူးချုပ် မိုဟာမက်ဆာအီးဒီရဲ့ပြောကြားချက် ကို ကိုးကားပြီး တီဟီရန်တိုင်းသတင်းမှာဖော်ပြပါတယ်။လာမယ့်ရက်အနည်း ငယ် အတွင်းဥရောပဆိပ်ကမ်းများသို့ တင်ပို့လိုက်တဲ့ ပစ္စည်းများရောက်ရှိ မှာ ဖြစ်ကြောင်း Tasnim   သတင်း အေဂျင်စီက ဖေဖော်ဝါရီ ၂၈ ရက်က ပြောပါတယ်။ အီရန်သင်္ဘောလိုင်းများ အား စီးပွားရေးဒဏ်ခတ်  ပိတ်ဆို့မှုကို ဖယ်ရှားလိုက်ပြီဖြစ်လို့အီရန် သင်္ဘောများမှာထုတ်ကုန်ပစ္စည်းများကို ဥရောပသို့တင်ပို့ရန်ဆိပ်ကမ်းများသို့ရောက်ရှိလာပြီဖြစ်ကြောင်းဆာအီးဒီ ကပြောပါတယ်။လက်တင် အမေရိကမှာရှိတဲ့ ဆိပ်ကမ်းတွေကိုတင်ပို့နိုင်ဖ ို့အတွက် အစီအစဉ်တွေစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းဂျာမနီနဲ့ အီတလီနိုင်ငံ တွေနဲ့ပူးတွဲသင်္ဘောတင်ပို့ ရေးကုမ္ပဏီတွေထူထောင်မှုကို ရည်ညွှန်းပြီး သူကပြောပါတယ်။ ဒီကုမ္ပဏီတွေက ဥရောပ မြောက်ပိုင်းနဲ့တောင်ပိုင်းနိုင်ငံတွေကို လည်း တင်ပို့ပေးသွားမှာ ဖြစ်ပါတယ်။အီရန်သင်္ဘောလိုင်းမှာ သင်္ဘော စင်းရေ ၁၆၀ ရှိပြီး တင်ဆောင်နိုင်တဲ့ ပမာဏက တန်ငါးသန်းရှိတယ်လို့ ဆိုပါ တယ်။''ကျွန်တော်တို့ကသင်္ဘော အင်အားတိုးချဲ့ဖို့   ဆောင်ရွက်နေပါတယ်။ ဒါကြောင့် သီတင်းတစ်ပတ်ကို နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့ သုံးဖွဲ့နဲ့ ဆွေးနွေးနေပြီး နိုင်ငံအတွင်းမှာ သင်္ဘောတည်ဆောက်ဖို့ကိုပါ စဉ်းစား နေပါတယ်''လို့ ဆာအီးဒီက ပြောပါ တယ်။