Main menu

Background

ယူရိုဇုန် ထောက်ပံ့မှု မြှင့်တင်ပေးရန် အီးစီဘီအပေါ် ဖိအားပေးမှု မြင့်တက်

Tue, 03/08/2016 - 15:21 -- journal_editor

            ဇန်နဝါရီအတွင်း  ဥရောပသမဂ္ဂ တစ်ခုလုံးစီးပွားရေးကျဆင်းလာပြီး နောက်ပိုင်းအလူးအလဲရုန်းကန်နေရ တာကြောင့်ယူရိုဇုန်ကိုတိုးမြှင့်ထောက် ပံ့ပေးရန် ဥရောပဗဟိုဘဏ် (Euro- pean Centeral Bank -ECB) အပေါ်သို့ ဖိအားပေးမှုများကြီးထွားလာကြောင်း ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ဈေးနှုန်းတွေရုတ်တရက် ကျဆင်းလာတာကိုကြည့်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းက    အနုတ်သဘောဆောင်လာပြီးယူရိုဇုန်တစ်ခု လုံးကအလုံးစုံငွေတန်ဖိုး ကြုံ့မှုနဲ့ ရင်ဆိုင်ရမယ့်အဖြစ်သို့ ဦးတည်နေတာကိုပြသလျက်ရှိပါတယ်။ အီးစီဘီ ကလာမယ့်သီတင်းပတ်ထဲမှာ ပြုလုပ် မယ့်အစည်းအဝေးမှာဈေးကွက် အတွင်းသို့ငွေတွေဖြည့်ဆည်းပေးပြီး ဗဟိုဘဏ် အတိုးနှုန်းကိုလည်း သုည ရာခိုင်နှုန်းရောက်တဲ့အထိ ဆောင်ရွက်သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။စွမ်းအင်ဈေးနှုန်းတွေ  ကျဆင်းမှု ကဈေးနှုန်းတွေကျဆင်းရတဲ့နောက်ကွယ်ကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးရဲ့ တခြားနယ်ပယ်မှာရှိနေတဲ့ကုန်ဈေးနှုန်းရဲ့ ဖိအားပေးမှုကလည်းအရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေပါတယ်။ကုန်ဈေးနှုန်းကျဆင်းမှုရဲ့ လမ်းညွှန်အဖြစ် ယူဆထားတဲ့ ပင်မငွေကြေးဖောင်းပွမှု (Core Inflation) ကလည်း ကျဆင်း နေပါတယ်။ဈေးနှုန်း  အတက်အကျများတဲ့အစားအစာနဲ့ စွမ်းအင်တို့ကို ထည့်သွင်း တွက်ချက်ထားခြင်းမရှိတဲ့ Jh Core Inflation    က ဇန်နဝါရီ မှာ တစ်ရာခိုင် နှုန်းရှိရာမှ ယခုအခါ သုည ဒသမ ၈ ရာခိုင်နှုန်းရှိ မယ်လို့ ခန့်မှန်းထားပါတယ်။