Main menu

Background

ဂျပန်နိုင်ငံရဲ့ ဇန်နဝါရီအတွင်း အလုပ်အကိုင်ရရှိမှု ၂၄ နှစ် အတွင်း အမြင့်ဆုံးဖြစ်

Tue, 03/08/2016 - 15:32 -- journal_editor

           ဇန်နဝါရီအတွင်း ဂျပန်နိုင်ငံမှာအလုပ်အကိုင်ရရှိမှုက  ၁ ဒသမ ၂၈ ဆ ရှိတဲ့အတွက် ၂၄ နှစ်အတွင်း   အမြင့် ဆုံးနှုန်းကို ရောက်ရှိခဲ့ကြောင်း  မတ် ၁ ရက်ကထုတ်ပြန်တဲ့အစိုးရကိန်း ဂဏန်းများကို   ကိုးကားပြီး   နီကေး သတင်းမှဖော်ပြပါတယ်။   အလုပ် အကိုင်ရရှိနိုင်မှုက ၁ ဒသမ ၂၈ ဆ ရှိတဲ့ အချက်က အလုပ်အကိုင်ရှာဖွေသူ ၁၀၀ ရှိပါက လစ်လပ်နေရာ ၁၂၈နေရာ ရှိတဲ့သဘောဖြစ်ပါတယ်။ဇန်နဝါရီမှာ ရရှိခဲ့တဲ့အခြေအနေ က ၁၉၉၁ ခုနှစ်  ဒီဇင် ဘာနောက်ပိုင်း အမြင့်ဆုံးအခြေအနေဖြစ်ပြီး ဟိုတယ်၊ စားသောက်ဆိုင်၊ ဆေးဝါးနဲ့ လူမှုရေး ကဏ္ဍတွေမှာ အလုပ်အကိုင်ဖန်တီးမှု အခြေအနေကောင်းမွန်နေတဲ့ အတွက် ကြောင့်ဖြစ်ကြောင်း  ကျန်းမာရေး၊ အလုပ်သမားနဲ့ သက်သာချောင်ချိရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။အလုပ်လက်မဲ့နှုန်းက ဒီဇင်ဘာ မှာ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ဇန်နဝါ ရီမှာ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားတဲ့အတွက်အခြေအနေတိုးတက်  ကောင်းမွန် လာကြောင်းအစိုးရက ထုတ်ပြန်တဲ့ သီးခြားအစီရင် ခံစာတစ်ခုမှာ ဖော်ပြပါတယ်။ ယခု နှုန်း က သုံးလပတ်အတွင်း  အနိမ့်ဆုံးနှုန်း ဖြစ်ပါတယ်။အလုပ်အကိုင်ရရှိမှု အခြေအနေက တိုးတက်လာမယ့် အလားအလာတွေ ရှိနေ တယ်လို့ ပြည်တွင်းရေးရာနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောပါတယ်။အလုပ်လက်မဲ့ အခြေအနေကို ကြည့်ရင် အမျိုးသားအလုပ်လက်မဲ့ က ဒီဇင်ဘာမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ ရာမှ ဇန်နဝါရီမှာ သုည ဒသမ ၂ ရာခိုင် နှုန်း   ကျဆင်းခဲ့ပါတယ်။ အမျိုးသမီး အလုပ်လက်မဲ့ဖြစ်မှုက၂ ဒသမ ၉ ရာခိုင်နှုန်းအတိုင်းမပြောင်းလဲဘဲရှိခဲ့ပါ တယ်။ အလုပ်လက်မဲ့  အခြေအနေက ရာသီအလိုက် ညှိနှိုင်းထားတဲ့ ကိန်း ဂဏန်းများအရ ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိပြီး လူဦးရေ  ၂ ဒသမ ၁၂ သန်းရှိ ခဲ့ ပါတယ်။ အလုပ်အကိုင်ရရှိတဲ့ လုပ်သား ဦးရေက ၁ ရာခိုင်နှုန်း တိုးတက်ပြီး ၆၄ ဒသမ ၅၈ သန်းအထိရှိခဲ့ပါတယ်။